临沧新闻网
2024年04月20日 星期六
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】我的中文学习经历
【中缅双语】我的中文学习经历
发布时间:2022-05-15 16:30 新闻来源: 澜湄趴  浏览量:10171

121.jpg

我叫玛梅摩雅蒙(中文名:龚蒙蒙),来自缅甸仰光。我学习中文已有十年了。

ကျွန်မနာမည်က မမေမိုးယမုံ ပါ။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နေပါတယ်။ အခုဆိုရင် ကျွန်မ တရုတ်စာကို လေ့လာနေတာ ၁ဝ စုနှစ်တစ်ခု ရှိပါပြီ။

我是一名混血儿,拥有印度、中国和缅甸三国血统。虽然我身上流淌着部分中国血液,但从父母亲这辈开始,家里就没有人会说中文了。

ကျွန်မက သွေးနှောတဲ့ မြန်မာတစ်ယောက် ဖြစ်ပါတယ်။ မွတ်စလင်၊ တရုတ်၊ မြန်မာ သွေးနှောပါတယ်။ တရုတ်သွေးနှောပေမယ့် မိဘနှစ်ပါးကစပြီး အိမ်သားတွေ အားလုံး တစ်ယောက်မှ တရုတ်စကား ပြောလေ့မရှိပါဘူး။

122.jpg

3岁时,父母把我送到缅甸的华人幼儿园上学。当时,由于同班同学的家长都会说中文,所以他们学起中文来一点儿也不费劲,但对我来说,学起来却十分困难。在学习中文的过程中,每每遇到困惑,我只能求助学校的老师,离开学校便没人能帮我答疑解惑。幸运的是,我遇到了一位对我非常好且耐心教导我的中文老师。在她的鼓励下,我努力学习,积极参加中文演讲比赛、中文歌唱比赛和舞蹈大赛等。

ကျွန်မကို ၃ နှစ်အရွယ်မှစပြီး တရုတ်စာမူကြိုကျောင်းကို ပို့ခဲ့ပါတယ်။ အတန်းထဲမှာ အတန်းဖော်အများစုရဲ့ မိဘတွေက တရုတ်စကား ပြောလေ့ရှိတာကြောင့် သူတို့က ကျောင်းမှာ သင်ယူရတာ အခက်အခဲမရှိကြဘူး။ ကျွန်မအနေနဲ့ကတော့ တခါမှ မထိတွေ့ဖူးတဲ့ အရာဖြစ်တာကြောင့် အတော်လေးကို ခက်ခဲခဲ့ရသလို ပင်ပန်းခဲ့ရပါတယ်။ စာအကြောင်း နားမလည်ရင် မေးဖို့ ကျောင်းကလွဲပြီး မေးစရာမရှိပါဘူး။ ကျောင်းက ဆရာမကို မေးရန်မှအပ မေးစရာလူ မရှိပါဘူး။ ကံကောင်းတာကတော့ ကျွန်မအပေါ် အရမ်းကောင်းသလို လိုအပ်တာ၊ လုပ်သင့်တာ မှန်သမျှ ဆုံးမပေးတဲ့ တရုတ်စာ သင်ကြားပို့ချပေးတဲ့ ဆရာမတစ်ဦးကို တွေ့ခဲ့ပါတယ်။ သူမက တရုတ်ဘာသာစကားပြိုင်ပွဲ၊ တရုတ်သီချင်းဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ စတဲ့ပြိုင်ပွဲတွေ အားလုံးကို ဝင်ပြိုင်စေပြီး တတ်ကျွမ်းတဲ့အထိ လေ့ကျင့်ပေးခဲ့တယ်။

123.jpg

上初中时,“幸运女神”再次眷顾了我。那时,我们学校每年都会邀请中国学生来交流,老师们便让我一起参与日常的翻译工作。当时,我的中文水平尚处于初级阶段,因此在翻译过程中,老师们时常会帮助我、指导我。通过那次翻译工作,我对中文的热情更高了,同时也了解到更多关于中国的知识。高中毕业后,我就在缅甸的华人幼儿园里担任教师。

ဒီလိုနဲ့ပဲ အလယ်တန်း‌‌‌ကျောင်းကို တက်တုန်းက ကံကောင်းတာတစ်ခုကတော့ ကျွန်မတို့ကျောင်းကို နှစ်စဉ်ဆိုသလို တရုတ်ပြည်မှ တရုတ်နိုင်ငံသားတွေ လာလေ့ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်မက ဆရာမတွေနဲ့ စကားပြန်အဖြစ် လိုက်ပါခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မရဲ့ တရုတ်စာက မူလတန်းအဆင့်ပဲရှိသေးတာကြောင့် ဆရာမတွေက သွားလာရင်း ခဏခဏ သင်ကြားပေးတတ်ပါတယ်။ အဲဒီအချက်က ကျွန်မရဲ့ တရုတ်စာအပေါ် လေ့လာချင်တဲ့ဆန္ဒ ပိုပြီးမြင့်မားလာသလို တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး သိလိုတဲ့အရာတွေ ပိုမိုများပြားလာခဲ့ပါတယ်။ မြန်မာအထက်တန်းအောင်ပြီးနောက် ကျွန်မက မြန်မာပြည်က တရုတ်စာမူကြိုကျောင်းတစ်ကျောင်းမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

124.jpg

初入职场时,我的中文已达到中等水平,但我深知学海无涯,因此下定决心继续学好中文。于是,我便开始寻找适合自己的中文培训班,也尝试看更多中文电影,听更多中文歌曲……“功夫不负有心人”,在坚持了一段时间后,我的中文水平果然更上了一层楼。

လုပ်ငန်းခွင်စရောက်ချိန်မှာ ကျွန်မရဲ့ တရုတ်စာအဆင့်အတန်းက အလယ်တန်းကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ပညာရဲ့ တန်ဖိုးကို ကျွန်မ ပိုမိုနားလည်လာမိပြီး ပိုမိုလေ့လာချင်မိပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ်နဲ့ သင့်တော်မယ့် သင်တန်းကို ကိုယ်တိုင်ရှာဖွေ တက်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်တွေ ပိုကြည့်ဖြစ်ပြီး သီချင်းတွေ ပိုနားထောင်ဖြစ်ပါတယ်။  ကိုယ့်ရဲ့ တရုတ်စာအရည်အသွေးက အဆင့်တစ်ခုကို ထပ်တိုးခဲ့ပါတယ်။

125.jpg

在家人的支持和帮助下,我萌生了去中国留学的念头,于是便开始为出国留学做准备,如参加中文考试、准备留学材料、申请学校等。准备工作完成后,我顺利获得了到云南某高校免费留学的机会,学校每个月还会向留学生发放助学金。

အိမ်က အုပ်ထိန်းသူများကလည်း လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တရုတ်ပြည်ကို ကျောင်းသွားတက်ချင်တဲ့ အိပ်မက်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီအချိန်ကစလို့ ကျောင်းသွားတက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ လိုအပ်တဲ့ စာမေးပွဲတွေ ဖြေ၊ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး တရုတ်ပြည်ကကျောင်းကို ပညာတော်သင်အနေနဲ့ လျှောက်ထားခဲ့ပါတယ်။ ကိုယ့်ဘက်က အချက်အလက် ပြည့်စုံတာကြောင့် ယူနန်ပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ အခမဲ့တက်ရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် လစဉ်ထောက်ပံ့ကြေးပါ ရရှိခဲ့ပါတယ်။ 

126.jpg

渐渐地,我体会到了学中文的乐趣。学习中文的时间越长,我就越想了解更多关于中国的知识,越发喜爱中国文化、中国历史和中国美食等。

တဖြည်းဖြည်းနဲ့ တရုတ်စာကို လေ့လာရတဲ့ ပျော်ရွှင်မှုကို ပိုပြီးခံစားမိလာပါတယ်။ တရုတ်စာကို လေ့လာလေ တရုတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုသိချင်လာမိလေပါပဲ။ တရုတ်ယဉ်ကျေးမှု၊ တရုတ်သမိုင်း၊ တရုတ်အစားအစာတွေကိုလည်း ပို၍ပို၍ နှစ်သက်လာပါတယ်။

127.jpg

我一直有一个坚定的梦想——把中文、中国文化传播到缅甸,也想在精通中文后,在缅甸开办一所中文学校。如今,受新冠肺炎疫情影响,我无法到中国上学,只能通过网络在线学习。但我相信,无论身处何方,只要用心学习,就一定能够学好!

တရုတ်စာ၊ တရုတ်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို ကျွန်မတို့ မြန်မာနိုင်ငံကို ဖြန့်ပေးချင်ပါတယ်။ ကျွန်မက တရုတ်စာကို ကျွမ်းကျင်အောင် လေ့လာပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာ တရုတ်ကျောင်း တည်ထောင်ချင်တယ်။ ဒါကတော့ ကျွန်မရဲ့ ပိုပြီး ခိုင်မာလာတဲ့ အနာဂတ်အိပ်မက်တွေပါ။ အခုကတော့ ကမ္ဘာ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းကို သွားမတက်ရဘဲ လိုင်းပေါ်ကနေပဲ တက်ရောက်နေရပါတယ်။ ဘယ်လိုပင် ဖြစ်စေကာမူ စာသင်ချင်တဲ့စိတ်ရှိရင် ဘယ်နေရာကမဆို စာကို ကောင်းကောင်းလေ့လာနိုင်ပါတယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။

最后,我想向一路上支持我、帮助我的父母和老师们表示衷心的感谢。此外,我还想与各位读者朋友们分享一句话——“世上无难事,只怕有心人”。这是一句中国俗语,意思是只要肯下决心去做,世界上就没有什么办不好的事情,困难总是可以克服的。

အခုလို တရုတ်စာကို လေ့လာခွင့်ပေးတဲ့ မိဘနှစ်ပါးနဲ့ ဘဝတစ်လျှောက်လုံးမှာ တွေ့ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကျွန်မအနေနဲ့ တရုတ်ဆိုရိုးစကားတစ်ခွန်းကို စာဖတ်ပရိသတ်တွေနဲ့ မျှဝေခံစားချင်ပါတယ်။ “ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ လုပ်ချင်တဲ့ဆန္ဒရှိရင် လောကကြီးမှာ လုပ်လို့မရတဲ့ကိစ္စ တစ်ခုမှမရှိသလို၊ အခက်အခဲတွေကိုလည်း အမြဲတမ်း ကျော်လွှားနိုင်ပါတယ်။”

来源:《吉祥》杂志

相关阅读
【泰语有声读物】过年(节选)
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
 
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
两会闭幕,哪些建议值得中国网友“细嚼”?
 
图片导读
 
贡象节:倾听人象共生的故事...
 
临沧临翔:傣族象脚鼓舞 舞出...
 
老李和他的芦笙...
 
最美阅读者:郭兴良...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭