临沧新闻网
2024年04月24日 星期三
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】你喝过缅甸咖啡吗?
【中缅双语】你喝过缅甸咖啡吗?
发布时间:2022-05-19 15:33 新闻来源: 澜湄趴  浏览量:10375

360截图20220519153418345.jpg

说到缅甸本土咖啡品牌,就不得不提起蒲甘咖啡(Myanmar Bagan Coffee)。这是由缅甸女企业家珊珊娧于2006年创建的品牌。目前,除了缅甸国内,蒲甘咖啡的销售市场已经拓展到中国、美国等国家。

မြန်မာနိုင်ငံ၏ ဒေသထွက်ကော်ဖီအမှတ်တံဆိပ်များအကြောင်း ပြောပါက “မြန်မာပုဂံကော်ဖီ”(Myanmar Bagan Coffee)ကို မဖြစ်မနေ ပြောရမည်ဖြစ်ပါသည်။ အဆိုပါကော်ဖီအမှတ်တံဆိပ်မှာ ဒေါ်စန်းစန်းထွေးမှ ၂၀၀၆ ခုနှစ်အတွင်း ထူထောင်သည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ လက်ရှိတွင် မြန်မာပြည်တွင်းစျေးကွက်အပြင် ပုဂံကော်ဖီ၏ ရောင်းချမှုစျေးကွက်သည် တရုတ်၊ အမေရိကန်နှင့် အခြားနိုင်ငံများသို့ပါ ဖြန့်ကြက်ခဲ့သည်။

珊珊娧出生于缅甸掸邦北部的商业世家,她14岁就远离家乡,来到仰光求学。在仰光打拼期间,珊珊娧决心把未来的发展方向放在咖啡产业上。

ဒေါ်စန်းစန်းထွေးသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ စီးပွားရေး မိသားစုတွင် ဖွေးဖွားခဲ့ပါသည်။ သူမ အသက် ၁၄ နှစ်အရွယ်တွင် ဇာတိမြေမှ ရန်ကုန်သို့ ရောက်ရှိကာ ပညာသင်ကြားခဲ့သည်။ ရန်ကုန်တွင် ပညာကြိုးစားသင်ယူနေစဉ်အတွင်း စန်းစန်းထွေးသည် အနာဂတ်တွင် ကော်ဖီစျေးကွက်အား အာရုံစိုက်ကာ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ထည့်သွင်း ဆုံးဖြတ်ခဲ့သည်။

360截图20220519153434108.jpg

完成学业后,珊珊娧回到家乡,进入家里经营的橡胶种植企业工作,并开始尝试咖啡种植。她介绍道,自1885年英国庄园将咖啡引进到缅甸种植以来,缅甸咖啡就在热带雨林气候中生长繁衍。因独特的地理、气候环境,缅甸掸邦出产的咖啡品质比较高。

စန်းစန်းထွေးသည် ပညာသင်ယူဆည်းပူးပြီးနောက် သူမ၏မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိခဲ့သည်။ မိဘလက်ငုတ်လက်ရင်းဖြစ်သော ရာဘာစိုက်ပျိုးရေးလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်းကို စတင် စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ် မှစတင်၍ ဗြိတိသျှအိမ်ကြီးများက ကော်ဖီအား မြန်မာနိုင်ငံသို့ တင်သွင်းကာ စိုက်ပျိုးလာခဲ့ရာ မြန်မာ့ကော်ဖီသည် အပူပိုင်းမိုးသစ်တောရာသီဥတုတွင် ပေါက်ရောက်ရှင်သန်လျက်ရှိကြောင်း၊ ထူးခြားသော ပထဝီနှင့် ရာသီဥတုစသည့် ပတ်ဝန်းကျင်ကြောင့် ရှမ်းပြည်နယ်မှ ထွက်ရှိသော ကော်ဖီ၏ အရည်အသွေးမှာ အလွန် မြင့်မားကြောင်း ဒေါ်စန်းစန်းထွေးက မိတ်ဆက်ခဲ့ပါသည်။ 

360截图20220519153501077.jpg

“我们种植的品种以阿拉比卡咖啡为主,它在国际咖啡市场中很受追捧,常常供不应求。”珊珊娧说,为确保每一粒咖啡豆都达到最高品质,蒲甘咖啡坚持采用缅甸传统原始、自然、有机的方式进行种植。

“ကျွန်မတို့ စိုက်ပျိုးတဲ့ ကော်ဖီအမျိုးအစားအများစုဟာ အရဗစ်က(Arabica) ကော်ဖီ အမျိုးအစား ဖြစ်ပါတယ်။ ဒီကော်ဖီဟာ နိုင်ငံတကာစျေးကွက်မှာ လူကြိုက်များပြီး ရောင်းအား အမြဲတမ်း ကောင်းပါတယ်”ဟု ဒေါ်စန်းစန်းထွေးက ပြောပြပါသည်။ ကော်ဖီစေ့တိုင်း၏ အရည်အသွေး အကောင်းဆုံး ဖြစ်စေရန် ပုဂံကော်ဖီသည် ရာစုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံသို့ ပြန့်ပွားခဲ့သော သဘာဝရှေးဟောင်းအော်ဂဲနစ်စိုက်ပျိုးနည်းလမ်းကို အသုံးပြုခဲ့ပါသည်။ 

360截图20220519153513677.jpg

珊珊娧种植的咖啡第一次进入市场就受到了消费者的广泛欢迎。获得初步成功后,她也有了新的梦想。

ဒေါ်စန်းစန်းထွေးက စိုက်ပျိုးထားသော ကော်ဖီမှာ စျေးကွက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်သည်နှင့် စားသုံးသူ၏ အားပေးမှုနှင့် ချီးကျူးမှု များစွာ ရရှိခဲ့ပါသည်။ ကော်ဖီလုပ်ငန်းကို အောင်မြင်စွာ တိုးချဲ့လုပ်ကိုင်ပြီးနောက် သူမသည် ထွန်းသစ်စအိပ်မက်များ ရှိလာခဲ့ပါသည်။ 

2006年,珊珊娧在仰光成立了San & Kyu (S&K)有限公司,并把发展咖啡产业作为公司的核心业务。种植、采摘、烘焙、研磨、销售……在每一道环节中,珊珊娧都采取了严格的管理模式。“我们的咖啡全部由人工采摘,而且只挑选那些品质较高的咖啡豆。”她解释道,这样采摘的咖啡果实大小均匀,成熟度接近,不含其他杂质,有利于后期加工。

၂၀၀၆ ခုနှစ်တွင် ဒေါ်စန်းစန်းထွေးသည် ရန်ကုန်တွင် San & Kyu (S&K)ကုမ္ပဏီလီမိတက်ကို ထူထောင်ခဲ့ရာ ကော်ဖီလုပ်ငန်းအား ၎င်းကုမ္ပဏီ၏ အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ဖော်ဆောင် ခဲ့ပါသည်။ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ကင်ခြင်း၊ ကြိတ်ခြင်း၊ ရောင်းချခြင်းစသည့် လုပ်ငန်းစဥ်၏ ချိတ်ဆက်မှုတိုင်းတွင် ဒေါ်စန်းစန်းထွေးသည် တင်းကျပ်သော ခေတ်မီစီမံခန့်ခွဲမှုပုံစံကို လက်ခံကျင့်သုံးလျက် ရှိနေပါသည်။ “ကျွန်မတို့ ကော်ဖီအားလုံးကို လက်ဖြင့်ခူးဆွတ်ပြီး အရည်အသွေးမြင့်တဲ့ ကော်ဖီစေ့တွေပဲ ရွေးချယ်ပါတယ်”ဟု သူမက ပြောပါသည်။ ဤကဲ့သို့ ခူးဆွတ်ရရှိတဲ့ ကော်ဖီစေ့အရွယ်အစားနှင့် ရင့်မှည့်နှုန်းမှာ တူညီပြီး  အခြားသော အညစ်အကြေးများ မပါဝင်သည့် အတွက်ကြောင့် နောက်ပိုင်းတွင် ထုတ်လုပ်မှုအတွက် အကျိုးရှိကြောင်း ဒေါ်စန်းစန်းထွေးက ဆက်လက် ရှင်းပြပေးပါသည်။ 

360截图20220519153528365.jpg

经过10多年的发展,蒲甘咖啡在缅甸咖啡产业中已占据重要位置。目前,San & Kyu (S&K)有限公司生产的产品包括有机咖啡豆、挂耳咖啡、三合一咖啡等。

အချိန် ၁၀ နှစ်ကျော် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ပုဂံကော်ဖီသည် မြန်မာ့ကော်ဖီလုပ်ငန်းတွင် အရေးပါသောနေရာတွင် ရပ်တည်လာပါသည်။ ယခုအချိန်တွင် San & Kyu (S&K)ကုမ္ပဏီလီမိတက်၏ ကော်ဖီထုတ်ကုန်များတွင် အော်ဂဲနစ်ကော်ဖီစေ့များ၊ drip အိတ်ကော်ဖီ၊ အသင့်ဖျော်ကော်ဖီ စသည်တို့ ပါဝင်ပါသည်။ 

360截图20220519153538991.jpg

珊珊娧认为咖啡豆烘焙是产品生产中极为关键的一道工序。她表示,生咖啡豆本身不具任何香味,只有经过烘焙,它才能够释放咖啡香味。在烘焙咖啡豆时,火太强,则外熟内生;火太弱,则内熟过火。“我们的烘焙师傅都拥有多年经验,烘焙技术在缅甸堪称一流,他们都是我们蒲甘咖啡品质的保证。”珊珊娧充满信心地说道。

ကော်ဖီစေ့ ကင်ခြင်းမှာ ထုတ်လုပ်မှုတွင် အလွန် အရေးပါသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်ဟု ထင်မြင်ကြောင်း ဒေါ်စန်းစန်းထွေးက ပြောဆိုပါသည်။ ကော်ဖီစေ့စိမ်းသည် မည်သည့်အနံ့မှမရရှိဘဲ ကင်ပြီးမှသာ ကော်ဖီအနံ့ကို ထုတ်ပေးနိုင်သည်။ ကော်ဖီစေ့ ကင်ရာတွင် မီးပြင်းလွန်းလျှင် အပြင်က ကျက်ပြီး အတွင်းက စိမ်းနေပါသည်။ မီးအရမ်းအားနည်းလျှင် အတွင်းက ကျက်လွန်းသွားလိမ့်မည်။“ကျွန်မတို့ကုမ္ပဏီက ကင်တဲ့ဆရာတွေဟာ လုပ်ငန်းအတွေ့အကြုံတွေ  နှစ်ပေါင်းများစွာ ပိုင်ဆိုင်ကြပြီး ကင်ခြင်းအတတ်ပညာလည်း မြန်မာနိုင်ငံမှာ ရှေ့တန်း ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီဆရာတွေဟာ ကျွန်မတို့ ပုဂံကော်ဖီရဲ့ အရည်အသွေး စောင့်ရှောက်ပေးသူတွေလို့ ပြောလို့ရပါတယ်”ဟု ဒေါ်စန်းစန်းထွေးက ယုံကြည်စွာ ပြောပါသည်။ 

360截图20220519153549948.jpg

在珊珊娧看来,缅甸咖啡行业发展前景广阔。她希望,大家共同品尝缅甸咖啡,喝出它不一样的味道。

ဒေါ်စန်းစန်းထွေး၏ အမြင်အရ မြန်မာ့ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာမှာ ကြီးမားလှပါသည်။ မြန်မာ့ကော်ဖီ အတူသောက်သုံးရင်းနှင့် ၎င်း၏ တစ်မူထူးခြားသော အရသာကို မြည်းစမ်းသုံးဆောင်နိုင်ရန် သူမက မျှော်လင့်ထားပါသည်။ 


相关阅读
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
 
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
 
图片导读
 
临沧镇康:农家书屋溢“书香”...
 
临沧:“樱桃红”铺就农旅融合...
 
贡象节:倾听人象共生的故事...
 
临沧临翔:傣族象脚鼓舞 舞出...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭