临沧新闻网
2024年04月26日 星期五
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】我爱阅读
【中缅双语】我爱阅读
发布时间:2022-06-09 09:15 新闻来源: 澜湄趴  浏览量:10184

121.jpg

于我而言,阅读是一种享受,丰富了我的精神世界。通过阅读,我体会到了无穷无尽的乐趣。我爱阅读!

ကျွန်တော်အနေနှင့် ဖတ်ရှုခြင်းသည် စိတ်ဓာတ်လောကကို ကြွယ်ဝစေသည့် ပျော်ရွှင်မှုတစ်ခု ဖြစ်ပါသည်။ ဖတ်ရှုခြင်းအားဖြင့် အဆုံးမရှိသော ပျော်ရွှင်မှုကို ခံစားရသည်။ ကျွန်တော်သည် ဖတ်ရှုခြင်းကို ချစ်မြတ်နိုး၏။

122.jpg

在仰光市沙廉镇上小学时,每天放学后,我都会到学校附近的一家租书店租儿童漫画书,我想,我的阅读兴趣大概就是从那时起被点燃的。上中学以后,一到暑假,我还是会到那家租书店租漫画书和小说来看。根据图书类型和租借时间的长短,租借费各有不同。例如,漫画书的租借费大概是每本每天20、30、50缅元不等;小说的租借费大概是每本每天50、100缅元不等。我记得,当时的我一天之内可以看完一本漫画书,3到5天可以看完一本小说。
ကျွန်တော်သည် ရန်ကုန်မြို့ သန်လျင်မြို့နယ်တွင် မူလတန်းပညာသင်ကျောင်း၌ ကျောင်းတက်စဉ်က ကျောင်းပြီးတိုင်း ကျောင်းအနီးအနားရှိ စာအုပ်အငှားဆိုင်ကို သွားပြီး ကလေးကြိုက် အပျော်ဖတ်ကာတွန်းစာအုပ်များကို ငှားဖတ်လေ့ရှိသည်။ ထိုအချိန်မှစ၍ ကျွန်တော်၏ ဖတ်ရှုခြင်းစိတ်ဝင်စားမှုများ စတင်ခဲ့သည်ဟု ယူဆပါသည်။ အလယ်တန်းသို့ ရောက်သောအခါ နွေရာသီကျောင်းပိတ်ရက်တိုင်း ကျွန်တော်သည် အဆိုပါစာအုပ်အငှားဆိုင်တွင် ကာတွန်းစာအုပ်များ၊ ဝတ္ထုစာအုပ်များကို ငှားရမ်းဖတ်ရှုဖြစ်သည်။ စာအုပ်အမျိုးအစားနှင့် ငှားရမ်းသည့် ကာလအပေါ်မူတည်၍ ငှားရမ်းခသည် မတူကွဲပြားပါသည်။ ဥပမာဆိုရလျှင် ကာတွန်းစာအုပ်တစ်အုပ်ကို တစ်ရက်ငှားခ ၂၀ ကျပ်၊ ၃၀ ကျပ်၊ ၅၀ ကျပ် စသည်ဖြင့် ပေးရသည်။ ဝတ္ထုစာအုပ်ဆိုလျှင် တစ်အုပ်ကို တစ်ရက်ငှားခ ၅၀ ကျပ်၊ ၁၀ဝ ကျပ် စသည်ဖြင့် ပေးရသည်။ ထိုအချိန်က ကာတွန်းစာအုပ်တစ်အုပ်ကို တစ်ရက်နှင့်အပြီး ဖတ်နိုင်ကာ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်ပြီးရန် ၃၊ ၄၊ ၅ ရက်ခန့် ကြာတတ်ကြောင်း ကျွန်တော်က မှတ်မိနေပါသည်။

123.jpg

随着信息技术时代的到来,我的阅读偏好发生了些许改变,我渐渐对网络技术类的书籍产生了浓厚的兴趣。假期里,母亲带我到沙廉镇上的书店购买了很多互联网周刊、网络指南杂志等。整个假期,我都沉浸在书中的科技世界里不能自拔。通过阅读,我学习了互联网技术、电脑技术等相关知识,了解到时下最新款的电脑、智能手机和其他电子产品的相关信息……我感到十分满足。
သတင်းအချက်အလက်နှင့် နည်းပညာခေတ် ထွန်းကားလာသည်နှင့်အမျှ ကျွန်တော်၏ စာဖတ်ဝါသနာသည် အနည်းငယ် ပြောင်းလဲလာပါသည်။ ကျွန်တော်သည် အင်တာနက်နည်းပညာဆိုင်ရာ စာအုပ်များကို တဖြည်းဖြည်း စိတ်ဝင်စားလာသည်။ ကျောင်းပိတ်ရက်တွင် သန်လျင်မြို့နယ်မှ စာအုပ်ဆိုင်များမှ အပတ်စဉ်ထုတ် အင်တာနက်ဂျာနယ်များ၊ Net Guide ကွန်ပျူတာနည်းပညာဂျာနယ်များကို ကျွန်တော့်မေမေနှင့်အတူ ဈေးသို့ လိုက်သွားတိုင်း ဝယ်ယူခဲ့လေ့ရှိသည်။ ကျောင်းပိတ်ရက်တစ်လျှောက်လုံးတွင် ကျွန်တော်သည် စာအုပ်များ၏ နည်းပညာလောက၌ နစ်မျောနေခဲ့ရပြီး မိမိကိုယ်ကို မကူညီနိုင်ခဲ့ပေ။ ဖတ်ရှုခြင်းအားဖြင့် ကျွန်တော်သည် အင်တာနက်နည်းပညာအကြောင်းများ၊ ကွန်ပျူတာနည်းပညာအကြောင်းများ၊ အသစ်ပေါ်ထွက်သော ကွန်ပျူတာများ၊ စမတ်ဖုန်းအသစ်များနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော ဆောင်းပါးနှင့် သတင်းများကို လေ့လာခဲ့ရသည်ကို ကျွန်တော်သည် စိတ်ကျေနပ်မိပါသည်။

124.jpg

随着时代的进步,科技的发展,电子书开始成为年轻人的宠儿。上高中时,只要一有空,我就会到镇上的网咖里学习电脑和互联网技术。一次,我在网咖上网时偶然发现了一本名叫《诚实的黑客攻击指南》(英文名为Honest Hacking)的电子书。
ခေတ်နှင့် သိပ္ပံနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ e-books သည် လူငယ်များကြားတွင် ခေတ်စားလာပါသည်။ အထက်တန်းကျောင်းတက်တုန်းက အားလပ်ချိန်တိုင်းတွင် ကွန်ပျူတာအင်တာနက်နည်းပညာများကို လေ့လာရန် ကျွန်တော်သည် သန်လျင်မြို့နယ်မှ အင်တာနက်ကော်ဖီဆိုင်သို့ သွားလေ့ရှိသည်။ တစ်နေ့၌ ကျွန်တော်သည် အင်တာနက်ကော်ဖီဆိုင်တွင် အင်တာနက်သုံးနေစဉ် “Honest Hacking” ဟု ခေါ်သည့် e-book ကို မတော်တဆ တွေ့မိခဲ့သည်။

125.png

这本书详细介绍了Windows 操作系统,光是目录和前言部分就已经勾起了我的兴趣。于是,我便立即将这本电子书复制到我随身携带的 U 盘里。对于那时的我而言,这本书的内容虽然晦涩难懂,但我却一直保持着研究它的兴趣。直到后来我考上大学,上了A+硬件工程的课程后,再打开这本电子书来看时,才逐渐理解了其中的深刻意义。如今,这本书也成为了我最喜欢的电子书之一。
အဆိုပါစာအုပ်ထဲတွင် ကွန်ပျူတာ Windows စနစ်၏အကြောင်းတို့ကို အသေးစိတ် နက်နက်နဲနဲ ရေးသားထားခြင်းဖြစ်သည်။ ထိုစာအုပ်၏ မာတိကာနှင့် အမှာစာကို ဖတ်ကြည့်ရုံဖြင့် စာအုပ်အတွင်းရှိ အကြောင်းအရာများကို အလွန်အမင်း စိတ်ဝင်စားလာသည်။ ထို e-book ကို ကျွန်တော်၏ USB Stick ထဲသို့ ကူးယူခဲ့လိုက်သည်။ ထိုစာအုပ်ထဲမှ အကြောင်းအရာများကို ကျွန်တော်အနေဖြင့် နားမလည်နိုင်သေးသည်များလည်း ရှိပါသေးသည်။ သို့သော်လည်း ထူးခြားလေးနက်သော အရာများကို စူးစမ်းလေ့လာရသည်မှာ ကျွန်တော် ဝါသနာဖြစ်လာသည်။ ထိုစာအုပ်ထဲမှ အကြောင်းအရာများကို  တက္ကသိုလ်ဝင်တန်း အောင်မြင်၍ A+ Hardware Engineering သင်တန်းတက်ရောက်ပြီးသောအခါမှသာ ပြန်လည်ဖတ်ရှုရာ တဖြည်းဖြည်း နားလည်လာပါသည်။ ယခုတွင် ထိုစာအုပ်သည် ကျွန်တော် အနှစ်သက်ဆုံး e-books ထဲမှ တစ်အုပ် ဖြစ်လာသည်။

126.jpg

虽然电子书有很多优点,例如便携、价格低廉等,但它们仍旧不能取代纸质书。直到现在,我还是更喜欢到实体书店看书、选书、买书。因为在这个过程中,我的内心能够获得极大的满足感。记得有几次,我在书店里一边挑选心仪的书籍,一边坐下来翻看书的大致内容,时间一眨眼就过去了。直到店员到我跟前提醒我书店即将闭店时,我才回过神来……
E-books သည် သယ်ယူရလွယ်ကူခြင်း၊ ဈေးနှုန်းသက်သာခြင်းစသည့် အားသာချက် များစွာ ရှိသော်လည်း စက္ကူစာအုပ်များကို အစားမထိုးနိုင်သေးပေ။ ယနေ့ထိတိုင် ကျွန်တော်သည် စာဖတ်ရန်အတွက် စာအုပ်ကိုသာ ရွေးချယ်ဝယ်ယူရန် စာအုပ်ဆိုင်ကို သွားရသည်ကို ပို၍ ကြိုက်နှစ်သက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သွားရသည်ကို ကျွန်တော်၏ရင်ထဲ စိတ်ကျေနပ်မှု များစွာ ရရှိနိုင်ပါသည်။ ကျွန်တော်သည် စာအုပ်ဆိုင်တွင် စာအုပ်များ ရွေးချယ်ရင်း စာအုပ်ထဲတွင် မည်သည့်အရာများ ရေးထားသည်ကို သိချင်၍ စာထိုင်မြည်းရင်း အချိန်ကုန်သည်ကိုပင် မသိဖြစ်မိသည့်အခါလည်း များစွာ ရှိသည်။ စာအုပ်ဆိုင် ပိတ်တော့မည်ဟု ကောင်တာမှ စာအုပ်အရောင်းဝန်ထမ်းက သတိပေးမှ ကျွန်တော်က သတိပြန်ရလာပါသည်။

127.jpg

如果你想买书的话,我建议你去缅甸仰光市的“书店一条街”——班梭丹路逛逛,那里是书迷们最喜欢的地方之一。如果你和我一样喜欢看书的话,欢迎到缅甸的书店和我一起体验一次“沉浸式阅读”!

အဆွေတို့ စာအုပ်များ ဝယ်ယူလိုလျှင် မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ပန်းဆိုးတန်းလမ်းတစ်လျှောက်ရှိ စာအုပ်ဆိုင်များကို သွားကြည့်ရန် ကျွန်တော် အကြံပြုလိုပါသည်။ ဤနေရာသည် စာအုပ်စာပေ ချစ်မြတ်နိုးသူများ အကြိုက်ဆုံးနေရာတစ်ခု ဖြစ်ပါသည်။ သင်သည် ကျွန်တော်ကဲ့သို့ ဖတ်ရှုခြင်းကို ချစ်မြတ်နိုးလျှင် မြန်မာနိုင်ငံရှိ စာအုပ်ဆိုင်မှ ကြိုဆိုလျက်ရှိနေပြီး ကျွန်တော်နှင့်အတူ “နစ်မျောမှုပုံစံ ဖတ်ရှုခြင်း”ကို ခံစားကြပါစို့။


来源:《吉祥》杂志

图片:貌特奈通供图

缅文译审:巴乌(缅籍)



相关阅读
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
 
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
 
图片导读
 
新村完小:“班班有个图书角”...
 
两洋之窗 世界花园 中国一临沧...
 
3500年的“公开出版物”...
 
临沧:组织600余名留守儿童开展...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭