临沧新闻网
2025年06月22日 星期日
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】离不开的鱼汤米线
【中缅双语】离不开的鱼汤米线
发布时间:2022-12-16 09:34 新闻来源: 澜湄趴  浏览量:2109

31.jpg

当谈论起缅甸人最喜爱的传统美食时,十人中便会有八人提到鱼汤米线,可见鱼汤米线在缅甸人心中的重要地位。清晨,迎着朝阳出门,走过大街小巷,空气中弥漫的鱼汤米线香味吸引着每位路人。一直以来,鱼汤米线都是缅甸人早餐的不二选择。随着时代的发展,如今,人们不仅将它当作午间小食,甚至还出现了24小时鱼汤米线店,以照顾那些喜食夜宵的人群。

မြန်မာလူမျိုးတို့ အနှစ်သက်ဆုံး ရိုးရာအစားအစာကို ပြောရဆိုလျှင် မုန့်ဟင်းခါးကို ညွှန်းဆိုရပေမည်။ အမှန်စင်စစ်တွင်လည်း  မြန်မာလူမျိုး ၁၀ ယောက်တွင် ၈ ယောက်ကတော့ မုန့်ဟင်းခါးလို့ ပြောမည်သာ။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ နှလုံးသားထဲတွင် မုန့်ဟင်းခါး၏ အရေးပါမှုကို ပြသနိုင်ပါသည်။ မနက်မိုးလင်း အပြင်သွားသည်နှင့် ဟိုလမ်းဒီလမ်းများမှ မုန့်ဟင်းခါးနံ့သင်းသင်းက လူတိုင်းကို ဆွဲဆောင်နေတတ်သည်။ မြန်မာလူမျိုးများအနေဖြင့် မုန့်ဟင်းခါးကို မနက်စာအဖြစ် အဓိကစားတတ်ကြသော်လည်း ခုချိန်ခါမှာတော့ နေ့ခင်းပိုင်း သရေစာအဖြစ်လည်းကောင်း၊ ညဉ့်နက်ပိုင်းတွင် စားချင်သူများအတွက် ၂၄ နာရီရောင်းသည့် မုန့်ဟင်းခါးဆိုင်များအား လည်းကောင်း ခေတ်နှင့်အညီ အမျိုးမျိုးတွေ့ရပေသည်။

32.jpg

鱼汤米线的汤中必有以下几种配料:鱼肉、芭蕉树茎、洋葱、香茅草等。食客们可以把自己喜欢的炸豆子、炸鱼片、炸干蒜、炸葫芦等配料放入米线碗中,倒入汤汁,再撒上香菜,挤些柠檬汁,一碗令人满意的鱼汤米线就制作而成。鱼汤米线的制作方法可以分为城市版乡村版2种。一般来说,我们在各地看到的鱼汤米线大多是乡村版。

မုန့်ဟင်းခါးအရည်တွင် ငါး၊ ငှက်ပျောအူ၊ ကြက်သွန်နီ၊ စပါးလင်စသဖြင့် မပါမဖြစ် ထည့်ရသည်။ မုန့်ဖတ်ထည့်ထားသော ပန်းကန်လုံးထဲတွင် ပဲကြော်၊ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်၊ ဘူးသီးကြော် စသဖြင့် မိမိနှစ်သက်ရာ  အကြော်များကို ညှပ်၍ ဟင်းရည်စမ်းပြီး အပေါ်က နံနံပင်လေး ဖြူး၊ သံပုရာသီး ညှစ်လိုက်ခြင်းဖြင့် ကိုယ့်စိတ်ကြိုက်ပြင်ထားသော မုန့်ဟင်းခါးတစ်ပွဲ ဖြစ်လာသည်။ မုန့်ဟင်းခါးချက်နည်းကို အဓိကအားဖြင့် မြို့ချက်နှင့် တောချက်ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပေသည်။ များသောအားဖြင့် ဒေသအသီးသီးတွင် တွေ့ရသော မုန့်ဟင်းခါးချက်နည်းများမှာ တောချက်ကို မှီငြမ်းထားခြင်းမျိုး ဖြစ်ပါသည်။

33.jpg


仰光鱼汤米线的制作方法就是城市版做法。鱼汤被辣椒油染得红彤彤的,放入豆酱、豆粉、花生粉等将汤汁熬煮至浓稠,随即再放入煮好的嫩芭蕉树茎、切好的鸭蛋和鱼块等,一碗仰光鱼汤米线就做好了,这也是我小时候在仰光吃过次数最多的鱼汤米线,在其他地区很是少见。然而如今,这种鱼汤米线连在仰光也变得少见。在我看来,城市版鱼汤米线配料过多、烹煮过程繁琐、油多,不利于身体健康……因此,相较而言,我更喜欢乡村版鱼汤米线。

မြို့ချက် (ခေါ်) ရန်ကုန်မုန့်ဟင်းခါးဟုဆိုလျှင် ငရုတ်ဆီနီရောင်ချက်ထားသော ငါးပြုတ်ရည် ရဲရဲလေးကို ပျစ်လာအောင် ပြုတ်ထားသော ကုလားပဲခြမ်းကို ခြေထားတဲ့အနှစ်၊ ပဲမှုန့်နည်းနည်း၊ မြေပဲမှုန့်နည်းနည်းလေး ထည့်။ ပြီးမှ ပြုတ်ထားသော ငှက်ပျောအူနုနုလေးများ၊ လှီးထားသော ဘဲဥပြုတ်များ၊ ငါးဖယ်တုံးလေးများ ထည့်ပြီး ချက်ထားသည် ကို ခေါ်ခြင်းဖြစ်ပါသည်။ ကျွန်မ ငယ်ငယ်တုန်းက ရန်ကုန်မှာ အတွေ့ရဆုံး မုန့်ဟင်းခါးမျိုးပင် ဖြစ်ပါသည်။ အခြားဒေသများတွင် သိပ်မတွေ့ရပါ။ ခုနောက်ပိုင်းတွင်တော့ အဆိုပါမြို့ချက်ပုံစံမျိုးကို ရန်ကုန်မှာပင် တွေ့ရခဲလှသည်။ ကျွန်မအမြင်အရ ပါဝင်ပစ္စည်းများခြင်း၊ ချက်နည်းမှာ ပို၍ လက်ဝင်ခြင်း၊ ကျန်းမာရေးရှုထောင့်အရ အခြားမုန့်ဟင်းခါး အမျိုးအစားထက် ဆီပိုများခြင်းကြောင့် တောချက်ကိုသာ ပိုကြိုက်လာသည်ဟု ယူဆမိသည်။

34.jpg

乡村版鱼汤米线不像城市版鱼汤米线那般有着红彤彤的汤汁,因为放了姜黄粉的缘故,其汤汁的颜色呈黄褐色。我觉得乡村版鱼汤米线在现如今更受缅甸民众欢迎。只要将芭蕉树茎、面粉放入鱼汤中熬煮,待汤快煮好后,再放入一整个洋葱和鸭蛋即可,做法十分简单。在克伦邦和孟邦,当地人喜欢往汤里加入鱼虾酱,味道很重,容易勾起人们的食欲。在靠近大海的土瓦市,当地人一般只用海鱼煮汤,鱼汤米线与众不同。

တောချက်ကတော့ မြို့ချက်ကဲ့သို့ အနီရဲရဲ ငရုတ်ဆီရောင်မျိုး မဟုတ်ဘဲ နနွင်းကိုသာ အဓိကသုံးထားသဖြင့် မညိုမဝါ ဟင်းရည်ရောင်လေးကို တွေ့ရမှာ ဖြစ်ပါသည်။ ထို့ကြောင့် ယခုခေတ်ပိုင်းတွင် ပို၍ ခေတ်စားလာသည်ဟု ယူဆမိပါသည်။ ငါးပြုတ်ရည်ထဲတွင် ငှက်ပျောအူ၊ ဆန်မှုန့် ထည့်၊ ပြီးနောက် ဟင်းရည်ကျက်ခါနီးမှာတော့ ကြက်သွန်နီနှင့် ဘဲဥပြုတ်ကို အလုံးလိုက်ထည့်လိုက်ရုံပင်၊ ဤမျှ အလွန်လွယ်ကူလှပေသည်။ ကရင်နှင့် မွန်ချက်နည်းများတွင်တော့ ဟင်းရည်တွင် ငါးပိလေး ထည့်ပြုတ်ထားသဖြင့် အနံ့လေးမှာ လူတို့ကို ဆွဲဆောင်မှု ရှိလှသည်။ ပင်လယ်နှင့် နီးသော ထားဝယ်မှာတော့ အခြားဒေသများနှင့် မတူဘဲ ပင်လယ်ငါးကိုသာ သုံးလေ့ရှိသည်။

35.jpg

在我眼里,家乡东吁市的鱼汤米线是最特别的。大部分人很可能会将东吁鱼汤米线和若开蒙迪(类似于拌粉丝)混为一谈。一般来说,大部分鱼汤米线都是有汤汁的,但东吁鱼汤米线却分为干拌汤汁两种。东吁鱼汤米线的汤汁做法简单,只需在奶白的鱼汤中放入大量切薄的芭蕉树茎和洋葱即可。若想要吃有汤的鱼汤米线,就往米线碗中倒入鱼汤,再撒上当地特制的炒米面粉、西红柿、生豆子、香菜后即可食用。我最喜欢吃的是东吁干拌鱼汤米线,将米线、葱蒜油、炒米面粉、香菜、豆子、西红柿完全混合拌好后,加入少许汤汁、挤几滴柠檬汁,最后再撒上炸豆子,一盘美味的干拌鱼汤米线就做好了。

ကျွန်မတို့ ဒေသချက်နည်းကတော့ အားလုံးထဲမှာ ကွဲပြား၍ အထူးခြားဆုံးပင် ဖြစ်သည်။ မသိသူအများစုသည် တောင်ငူမုန့်ဟင်းခါးကို ရခိုင်မုန့်တီနှင့် မှားတတ်ကြသည်။ မုန့်ဟင်းခါးဟုဆိုလျှင် အရည်ပုံစံမျိုးပဲ ရှိသော်လည်း တောင်ငူမုန့်ဟင်းခါးမှာတော့ အသုပ်နှင့် အရည်ဆိုပြီး နှစ်မျိုးရှိသည်။ ချက်နည်းကလည်း အရှင်းဆုံးပင်၊ ငါးပြုတ်ရည်ကြည်ကြည်ထဲကို ငှက်ပျောအူရယ်၊ ကြက်သွန်နီရယ်ကို ပါးပါးလှီးပြီး များများလေး ထည့်ရုံတမျှ ရိုးရှင်းပေသည်။ အရည်ပုံစံမျိုးကို စားချင်လျှင် မုန့်ဖတ်၊ ဟင်းရည်အကျဲ များများထည့်ပြီး ဒေသထွက် ဆန်လှော်မှုန့်၊ ခရမ်းချဉ်သီး၊ ပဲသီးစိမ်း၊ နံနံပင် ဖြူးပြီး စားရသည်။ ကျွန်မ အကြိုက်ဆုံးမှာတော့ တောင်ငူမုန့်ဟင်းခါးသုပ် ဖြစ်သည်။ မုန့်ဖတ်၊ ဆီချက်၊ ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီး၊ နယ်လို့ ကောင်းရုံ ဟင်းရည်ကျဲထည့်နယ်၊ အချဉ်လေးညှစ်ပြီး အပေါ်က ပဲကြော်လေး ထည့်သည်ဖြင့် စားချင်စဖွယ်ပင် ဖြစ်လာသည်။

36.jpg

如今,鱼汤米线出现了各式各样的做法。有用3、4种鱼类一起熬煮出的味道鲜甜的鱼汤米线,有口味清淡的家常鱼汤米线,还有便于在家烹饪的方便速食鱼汤米线等等。然而,无论是哪一种,鱼汤米线都将永远存在于缅甸人心中。

ယခုအခါမှာတော့ မုန့်ဟင်းခါးကို သစ်ဆန်းသော နည်းများနှင့် အမျိုးမျိုး ချက်ကြသေးသည်။ ပို၍ ချိုသော အရသာရအောင် ငါး ၃ မျိုး၊ ၄ မျိုးချက် မုန့်ဟင်းခါး၊ အငန် အချိုပေါ့ပေါ့လေး ချက်ထားသော အိမ်ချက်မုန့်ဟင်းခါး၊ အိမ်တွင် အလွယ်တကူ စားနိုင်အောင် ထုတ်ထားသော မုန့်ဟင်းခါးခြောက် စသဖြင့် ခေတ်နှင့်အညီ ပြန်လည်ဆန်းသစ်တတ်ကြသည်။ မည်သို့ပင်ဆိုစေ မြန်မာလူမျိုးများ၏ အသည်းစွဲ မုန့်ဟင်းခါးကတော့ လူတိုင်း၏ နှလုံးသားထဲတွင် ပုံစံအမျိုးမျိုးဖြင့် ကိန်းအောင်းနေမည် မလွဲပေ။

来源:《吉祥》杂志

作者:玛埃凯(缅籍)

图片:作者供图、部分来源于网络

缅文译审:巴乌(缅籍)


相关阅读
镇康:赋能!这个口岸向通关效率要效益
缅甸领导人:携手推进缅中命运共同体建设
习近平同缅甸领导人敏昂莱就中缅建交75周年互致贺电
 
75年胞波情深 | “偶”遇 擦出文缘火花
暖暖的礼物 75年胞波情深
6月8日让我们唱响《一山一水胞波情》
 
图片导读
 
市委常委会召开会议 杜建辉主...
 
沧源:科技赋能咖啡产业 佤山...
 
今日的浪漫:偶遇盛开的满塘荷...
 
今日的浪漫:偶遇盛开的满塘荷...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市融媒体中心主办 联系方式:0883—2127624
       
    关闭

    扫码加入“智慧熊猫”
    关闭