
缅甸舞蹈的历史源流与农耕、宗教信仰、宫廷娱乐、文化交流等有密切的关系,包括民间舞蹈、戏剧舞蹈、宫廷舞蹈等。民间舞蹈创作于民间,流传于民间,与人们的日常生活、风俗、宗教、礼仪密切相关,直接反映了人们的生产生活、思想情感和审美情趣,具有鲜明的民族风格和地方特色。缅甸一年十二个月都有传统节会,每到传统节日或喜庆的日子,人们都喜欢载歌载舞或举办歌舞演出活动。在农村插秧或收割季节,人们为了祈求天神保佑,祈求风调雨顺、五谷丰登,也会在田间低头进行演唱。缅甸的著名民间舞蹈“瑞波大鼓舞”就产生于古代农业发达的瑞波地区。
မြန်မာနိုင်ငံ၏ အကသမိုင်းသည် စိုက်ပျိုးရေး၊ ဘာသာရေး၊ နန်းတွင်းဖျော်ဖြေရေး၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့်အပိုင်းကဏ္ဍများနှင့် ချိတ်ဆက်နေပေသည်။ ရိုးရာအက၊ ဇာတ်သဘင်အက၊ နန်းတွင်းအက စသည်တို့ရှိသည်။ ရိုးရာအကများကို ပြည်သူလူထုများက ဖန်တီးထားကြပြီး ပြည်သူများအကြား အဆင့်ဆင့် လက်ဆင့်ကမ်းလာကြသည်။ လူအများ၏ သာမန်နေထိုင်မှု၊ ရိုးရာဓလေ့၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် နှီးနွယ်နေပါသည်။ လူအများ၏ ထုတ်လုပ်မှု၊ နေထိုင်မှုဘဝ၊ အတွေးအခေါ်နှင့် စိတ်ခံစားချက်များကို တိုက်ရိုက်ပေါ်လွင်စေ ပါသည်။ တိုင်းရင်းသားရိုးရာစတိုင်နှင့် ဒေသအလိုက် ထူးခြားချက်များကို ပေါ်လွင်စေသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်တာကာလ (၁၂)လ အပိုင်းအခြားတိုင်းတွင် ရိုးရာပွဲတော်များ ရှိပါသည်။ ရိုးရာပွဲတော်ရက် သို့မဟုတ် ပျော်ပွဲရွှင်ပွဲရက် ရောက်သည့်အခါတိုင်း လူအများသည် ဆိုကြ၊ ကကြ သို့မဟုတ် ဇာတ်ပွဲ သဘင်စင်များဖြင့် လှုပ်ရှားမှုများ လုပ်ဆောင်လေ့ရှိသည်။ တောရွာများတွင် ကောက်စိုက်ရာသီ သို့မဟုတ် ရိတ်သိမ်းရာသီ ရောက်သည့်အခါတွင် လူအများသည် နတ်မင်းများ၏ ကာကွယ်စောင့်ရှောက်မှုရအောင်၊ ရာသီဥတုကောင်းမွန်အောင်၊ မိုးကောင်းအောင်၊ ဆန်ရေစပါးပေါများအောင် ဆုတောင်းလေ့ ရှိကြသည်။ လယ်ကွင်းထဲတွင် ဆိုပွဲ၊ ကပွဲများ ကျင်းပလေ့ရှိသည်။ မြန်မာနိုင်ငံတွင် နာမည်ကျော်ကြားသော “ရွှေဘိုဗျောစည်အက”သည် ရှေးခေတ်စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော ရွှေဘိုဒေသမှ ထွက်ပေါ်လာသော အကဖြစ်သည်။ 瑞波大鼓舞是缅甸的一种传统民间歌舞,由民间说唱发展而来。演出不在舞台上而在平地围圈进行。参加演出者有两位击鼓者、女舞蹈演员、舞钹者和丑角。演出时,手执铜钹的歌唱者站在圈子中央面向观众,边唱边舞。击大鼓者也一边击鼓一边跳舞。舞铜钹者为领唱和节奏的决定者,击鼓者击鼓的快慢速度随铜钹的节奏而定。女舞蹈演员按照舞铜钹者定的节奏在场中翩翩起舞,舞姿轻缓、舒展、柔和。每当变动舞姿时,丑角便利用暂短的间隙出场,以各种滑稽的动作引人发笑。 ရွှေဘိုဗျောစည်အကသည် မြန်မာနိုင်ငံ၏ ရိုးရာအကတစ်မျိုး ဖြစ်သည်။ ပြည်သူလူထု အပြန်အလှန် ပြောကြဆိုကြခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကပြတင်ဆက်မှုသည် ဇာတ်စင်ပေါ်တွင်မဟုတ်ဘဲ မြေပြင်ပေါ်တွင် ဝိုင်းဖွဲ့ကာ တင်ဆက်လေ့ရှိသည်။ တင်ဆက်မှုတွင် စည်တီးသူနှစ်ဦးရှိသည်။ အမျိုးသမီးအကသမတစ်ဦး၊ လင်းကွင်းကိုင်ဆောင်သူနှင့် လူရွှင်တော်တို့ ပါဝင်ဖျော်ဖြေကြသည်။ အကတင်ဆက်သည့်အခါတွင် လင်းကွင်းကိုင်ဆောင်ထားသော အဆိုသမားသည် ဝိုင်းအလယ်တွင် ပရိတ်သတ်ကိုမျက်နှာမူပြီး ဆိုလိုက်ကလိုက် တင်ဆက်သည်။ စည်တီးသူသည်လည်း စည်တီးလိုက် ကလိုက် ဖျော်ဖြေတင်ဆက်သည်။ လင်းကွင်း ကိုင်ဆောင်သူသည် ဦးဆောင်သီဆိုသူဖြစ်ပြီး စီးချက်များကို ဆုံးဖြတ်သူဖြစ်သည်။ လင်းကွင်း တီးသည့် စီးချက်ပေါ်မူတည်ပြီး စည်တီးသူက အနှေးအမြန် လိုက်တီးလေ့ရှိသည်။ အမျိုးသမီး အကသမသည်လည်း လင်းကွင်းစီးချက်နှင့်အညီ ဝိုင်းအလယ်တွင် ကပြတင်ဆက်သည်။ ကကွက်များသည် ပေါ့ပါးသည်၊ လက်ဟန်များသည်၊ ညင်သာလေ့ရှိသည်။ ကကွက်တစ်မျိုး ပြောင်းလဲသည့်အခါတိုင်း လူရွှင်တော်က ခဏထွက်လာပြီး အမူအရာမျိုးစုံဖြင့် လူအများ၏ ရယ်ရွှင်ခြင်းကို ဖန်တီးပေးသည်။ 瑞波大鼓的鼓词多由僧侣写的,内容大多是佛本生经中的故事,一般在乡间走村串寨演出。此外,也用于宫廷中皇族的盛会、各种祭神仪式以及插秧仪式中等。 ရွှေဘိုစည်တော်၏ တင်ဆက်မှုဇာတ်လမ်းအကြောင်းအရာ အများစုကို သံဃာတော်က ရေးသားပေးသည်။ ဇာတ်လမ်းအကြောင်းအရာ အများစုသည် ဗုဒ္ဓဘာသာကျမ်းစာထဲတွင် ပါဝင်သော ပုံပြင်များဖြစ်သည်။ သာမန်အားဖြင့် ကျေးလက်တောရွာများတွင် တစ်ရွာဝင်တစ်ရွာထွက် တင်ဆက်ကပြလေ့ရှိကြသည်။ ထို့ပြင် နန်းတွင်းဘုရင် ဆွေတော်မျိုးတော်များ၏ မိတ်ဆုံစားပွဲ၊ နတ်ပူဇော်ပွဲနှင့် စိုက်ပျိုးရေးဆုတောင်းပွဲ စသည့် ပွဲတော်များတွင်လည်း တင်ဆက်ကပြလေ့ရှိသည်။ 来源:《吉祥》杂志 插画:武瑞
|