无痛攒钱法又被称为Z世代的投币式许愿法,每日仅需不多的金额,即可助力自己未来的一个梦想。
ခက်ခဲမှုကင်းသည့် ငွေစုနည်းကို Generation Z များ၏ အကြွေစေ့ပစ်ဆုတောင်းနည်းဟု လည်းခေါ်ကြပါ သည်။ နေ့စဉ်ငွေပမာဏနည်းနည်းဖြင့် မိမိ၏ အနာဂတ်အိပ်မက်တစ်ခုကို ဖြစ်မြောက်စေနိုင်ပါသည်။
有点儿收入且自律的小刘,今年就准备实施365天存钱法。她存钱并不是为了啥后顾之忧,而是为了躺在购物车里那只心爱的镯子。新的一年,她在本子里填上了1到365的数字,第1天存1元、第2天存2元、第3天存3元……以此类推,她算过,按照这种办法一年能存下66795元。只要每天坚持存钱,到年底除了一手拿下镯子,还能用多出的4000块钱带爸妈去吃好吃的。
ဝင်ငွေအနည်းငယ်ရှိပြီးစည်းကမ်းရှိသော ရှောင်လျိုသည် ယခုနှစ်တွင် ၃၆၅ ရက်ငွေစုနည်းကို စတင် လုပ်ဆောင်မည်ဖြစ်သည်။ သူမ ငွေစုသည့် ရည်ရွယ် ချက်သည် မိမိကြိုက်နှစ်သက်သည့် လက်ကောက်တစ်ကွင်း ဝယ်လိုခြင်းကြောင့်ဖြစ်သည်။ နှစ်သစ်တွင် သူမသည် စာအုပ်ထဲ၌ ၁ မှ ၃၆၅ အထိ ဂဏန်းများ ရေးသားထားသည်။ ပထမရက်တွင် ၁ ယွမ်၊ ဒုတိယရက်တွင် ၂ ယွမ်၊ တတိယရက်တွင် ၃ ယွမ် စသဖြင့် စုဆောင်းခြင်းဖြစ်သည်။ ဤနည်းလမ်းဖြင့် ၆၆၇၉၅ ယွမ် စုနိုင်မည်ဟု သူမ တွက်ချက်ထားပါသည်။ နေ့စဉ် ငွေစုခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်လာပါက နှစ်ကုန်ရောက်သည့်အခါ လက်ကောက်ဝယ်နိုင်သည်သာမက ပိုထွက်လာသောယွမ် ၄,၀၀၀ ဖြင့် မိဘနှစ်ပါးကိုလည်း စားကောင်း သောက်ဖွယ်များ ဝယ်ကျွေးနိုင်မည်ဖြစ်သည်။
准备在2023年年底去泰国玩的小李,最近也实施起了相对轻松的52周存钱法。方法很简单:一年52周,每周递存10元。第1周存10元,第2周存20元……到第52周存520元。坚持一年,她就能攒下13780元。从广州出发,年底往返泰国的机票3000多元就能搞定。几天的旅行,除去机票,剩下的1万块钱足够吃、住、玩儿的了。
၂၀၂၃ ခုနှစ် နှစ်ကုန်ခန့်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်လိုသော ရှောင်လီသည် ယခုရက်ပိုင်းတွင် လွယ်ကူသက်သာသော ၅၂ ပတ်ငွေစုနည်းကို လုပ်ဆောင်နေပါသည်။ နည်းလမ်းမှာ - တစ်နှစ်တွင် ၅၂ ပတ်ရှိပြီး အပတ်စဉ် ၁၀ ယွမ် တိုးပြီး စုခြင်းဖြစ်သည်။ ပထမအပတ် ၁၀ ယွမ်၊ ဒုတိယအပတ် ယွမ် ၂၀ .... ၅၂ ပတ်တွင် ၅၂၀ ယွမ် စုခြင်းဖြင့် တစ်နှစ်လျှင် ၁၃၇၈၀ ယွမ် စုနိုင်မည်ဖြစ်သည်။ ကွမ်ကျိုးမှ သွားမည်ဆိုပါက ထိုင်းသို့ အသွားအပြန် လေယာဉ်လက်မှတ်သည် ယွမ် ၃,၀၀၀ ခန့်သာရှိသည်။ လေယာဉ်လက်မှတ်ဖိုးဖယ်လိုက်ပြီးနောက် သုံးလေးရက်ကြာ ရက်တိုလည်ပတ်သည့်ခရီးစဉ်အတွက် ယွမ် ၁၀,၀၀၀ သည် လုံလောက်ပြီဖြစ်ပါသည်။