临沧新闻网
2024年04月27日 星期六
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【缅语读物】你愿意为兴趣付费吗?
【缅语读物】你愿意为兴趣付费吗?
发布时间:2022-07-05 15:20 新闻来源: 澜湄趴  浏览量:9905

为兴趣爱好付费,在如今的中国消费市场中愈发普遍,在年轻消费群体内表现得尤为突出。从深层次看,兴趣消费是年轻消费群体自身情感、个性的一种表达,在由兴趣爱好组成的圈层里,他们收获了精神给养。

ဝါသနာပါမှုအတွက် ငွေထုတ်ပေးခြင်းသည် ယနေ့ခေတ် တရုတ်စားသုံးမှုဈေးကွက်တွင် ပို၍ အဖြစ်များလာပါသည်။ အထူးသဖြင့် လူငယ်စားသုံးသူအုပ်စုများအကြားတွင် ထင်ရှားပါသည်။ နက်ရှိုင်းသောအဆင့်မှ စဉ်းစားလျှင် ဝါသနာပါမှု စားသုံးခြင်းသည် လူငယ်စားသုံးသူအုပ်စုများ၏ ကိုယ်ပိုင်စိတ်ခံစားချက်နှင့် ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ဝါသနာပါမှုဖြင့် ဖွဲ့စည်းထားသော အဝိုင်းအဖွဲ့ထဲတွင် သူတို့သည် စိတ်ဓာတ်ထောက်ပံ့မှုများကို ရရှိခဲ့ကြပါသည်။ 

因为喜欢,所以买单

ကြိုက်နှစ်သက်သဖြင့် ဝယ်ယူခြင်း 

“这是扩香石,滴上精油就能让它散发香气。如果平时不经常用,我推荐香氛蜡烛,结实,不怕碰倒也不怕摔。液体香氛操作最简单,开盖放在屋里就行,但瓶盖是一次性的,打开就盖不回去了。”谈起香氛,博物馆工作者佳宁如数家珍。“最初因为好奇入手了一支香氛蜡烛,使用感不错,往后越买越多、越买越关注。”

“အဲဒါ ရနံ့ကုထုံးကျောက်ပါ။ ရနံ့ဆီများကို ၎င်းပေါ်သို့ ခတ်ပြီး သင်းရနံ့ ပျံ့လာနိုင်မယ်။မကြာခဏ အသုံးမပြုဖြစ်ရင် ခိုင်ခံ့တဲ့၊ ပြုတ်ကျမှာကို မကြောက်တဲ့ အမွှေးဖယောင်းတိုင်တွေကို အသုံးပြုဖို့ အကြံပြုအပ်ပါတယ်။ အရည်ရနံ့က အသုံးပြုဖို့ အလွယ်ကူဆုံး ဖြစ်တယ်။ အဖုံးဖွင့်ပြီး အိမ်ထဲမှာ ထားရုံသာ ဖြစ်တယ်။ ဒါပေမယ့် အဖုံးက တစ်ကြိမ်သုံးဖြစ်ပြီး ဖွင့်လိုက်တာနဲ့ ပြန်ပိတ်လို့ မရတော့ပါဘူး”ဟု မွှေးရနံ့ဆိုင်ရာ အကြောင်းများကို အလွန်ကျွမ်းကျင်သော ပြတိုက်ဝန်ထမ်း ကြာနှင်းက ပြောသည်။ “အစကတည်းက စူးစမ်းလိုစိတ်နဲ့ အမွှေးဖယောင်းတိုင်တစ်ခုကို ဝယ်ပြီးတော့ သုံးရတာ အဆင်ပြေပါတယ်။ နောက်တော့ အဲဒါကို ဝယ်လေ များလာလေ၊ ဝယ်လေ အာရုံစိုက်လေပါပဲ”ဟု သူမက ပြောသည်။ 

110.jpg

佳宁的消费偏好其实代表了不少年轻人的心声:所购商品不一定刚需,但必须有趣。手办、盲盒、潮玩、文创……这些在传统消费观念中可能不被考虑的产品,在年轻人中越来越吃香,这背后都离不开一个词——喜欢。

ကြာနှင်းသည် မိမိ၏ ကြိုက်နှစ်သက်မှုနှင့်အညီ စားသုံးခြင်းမှာ လူငယ်များစွာ၏ ရင်ဖွင့်သံများကို အမှန်တကယ် ကိုယ်စားပြုနိုင်ပါသည်။ ဝယ်ယူသော ပစ္စည်းများသည် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ မဝယ်ရသော်လည်း စိတ်ဝင်စားစရာများ ဖြစ်ရမည်။ ဥပမာဆိုရလျှင် Garage Kits၊ မျက်မမြင်သေတ္တာများ၊ ခေတ်မီသော အရုပ်များ၊ ယဉ်ကျေးမှုတီထွင်ဆန်းသစ်မှုထုတ်ကုန်များ စသည့်တို့ဖြစ်သည်။ ရိုးရာစားသုံးမှုသဘော တရားများတွင် ထည့်သွင်းစဉ်းစားခြင်း မပြုနိုင်သော အဆိုပါထုတ်ကုန်များသည် လူငယ်များအကြား ပို၍ ရေပန်းစားလာပါသည်။ ဤနောက်ကွယ်တွင်“ကြိုက်နှစ်သက်ခြင်း”ဆိုသော ဝေါဟာရနှင့် ကင်းကွာ၍ မရနိုင်ပါ။ 

111.jpg

因为喜欢,所以买单,且不会过分在意价格和已拥有的数量。这正是兴趣消费的一大特点。“相较于注重产品实际用途、性价比的老一辈,年轻消费群体更倾向凭兴趣消费。”上海应用技术大学消费者行为研究中心主任宋思根表示。

ကြိုက်နှစ်သက်ခြင်းကြောင့် ဝယ်ယူရာတွင် ဈေးနှုန်းနှင့် ပိုင်ဆိုင်နေသော ပမာဏကို သိပ်ဂရုမစိုက်ပေ။ ဤသည်မှာ ဝါသနာပါမှုစားသုံးခြင်း၏ အဓိကလက္ခဏာတစ်ခု ဖြစ်သည်။ “ထုတ်ကုန်တွေရဲ့ လက်တွေ့အသုံးပြုမှုနဲ့ ဈေးနှုန်းသက်သာမှုကို အာရုံစိုက်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ နှိုင်းယှဉ်ရင် လူငယ်စားသုံးသူအုပ်စုတွေက ဝါသနာပါမှုစားသုံးခြင်းကို ပိုမို ကြိုက်နှစ်သက်ကြတယ်” ဟု ရှန်ဟိုင်းအသုံးချသိပ္ပံနည်းပညာတက္ကသိုလ်  စားသုံးသူအမူအကျင့် သုတေသနစင်တာမှ ဌာနမှူး စွန်ဇီကိန်းက ပြောသည်။

112.jpg

一项调查显示,83.02%的受访大学生会因收获喜悦和内心满足而为兴趣买单。对此,中国社科院社会发展战略研究院副研究员戈艳霞表示,“表达个人情感的消费现象未来将更加普遍。”

စစ်တမ်းတစ်ခု၏ ထုတ်ပြန်ချက်အရ အင်တာဗျူးဖြေထားသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားများတွင် ၈၃.၀၂ % သည် ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုများ ရရှိသောကြောင့် ၎င်းတို့၏ ဝါသနာပါမှုများအတွက် ငွေထုတ်ပေးစေလိုသည်။ ယင်းနှင့် ပတ်သက်၍ “ ကိုယ်ရေးကိုယ်တာစိတ်ခံစားချက်တွေကို ဖော်ပြတဲ့ စားသုံးမှုဖြစ်စဉ်တွေက အနာဂတ်မှာ ပိုမိုအဖြစ်များလာမှာဖြစ်တယ်”ဟု တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီလူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာသုတေသနဌာနမှ တွဲဖက်သုတေသီကေရင်ရှက ပြောကြားသည်။ 

以圈会友,增加认同

သဘောတူညီချက်ကို တိုးမြှင့်ရန် 

အဝိုင်းအဖွဲ့ဖြင့် မိတ်ဆွေဖွဲ့ခြင်း 

哪怕在心里想象好几遍,当真正站在北京环球度假区的大门口,小王还是抑制不住激动的心情。在哈利·波特园区,比她更用心“打扮”的人不在少数,有人身穿黑色巫师长袍、头戴巫师帽;有人手持魔杖,在空中挥舞;还有人化上角色仿妆、顶着彩色假发……这些衣着奇特的人有一个共同名字——“哈迷”(哈利·波特魔法世界的粉丝)。在小王看来,这样的打扮在逛度假区时很有必要,“首先,我们以此表明自己的‘哈迷’身份;其次,大家借这种方式‘以圈会友’。有时走在路上,看到围着红黄相间围脖的陌生人,就算不交谈,也能认定是自己人。”

စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့သော်လည်း ပေကျင်း ကမ္ဘာလုံးဆိုင်ရာအပန်းဖြေစခန်း၏ တံခါးဝမှာ အမှန်တကယ် ရပ်တည်လာသောအခါတွင် ရှောက်ဝမ်သည် မိမိ၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပေ။ ဟာယ်ရီ•ပေါ်တာ ဥယျာဉ်ဇုန်တွင် ရှောက်ဝမ်ထက် ဂရုတစိုက် ဝတ်စားထားသော လူတော်တော်များများ ရှိပါသည်။ အချို့က အနက်ရောင် မှော်ဆရာဝတ်လုံကို ဝတ်ထားကာ မှော်ဆရာဦးထုပ်ကို ဆောင်းထားသည်။ အချို့က စကြာတုတ်ကို ကိုင်ပြီး လေထဲမှာ ဝှေ့ယမ်းနေသည်။ အချို့လူများသည် ဇာတ်ကောင်မိတ်ကပ်ကို အတုယူပြီး ဆံပင်တုကို ဝတ်ဆင်နေပါသည်… အဆိုပါ ထူးထူးခြားခြားဝတ်စားနေသော လူများသည်တူညီသော နာမည်တစ်ခုရှိသည်။ ၎င်းသည် “ဟာယ်ရီ ပရိသတ်” ( ဟာယ်ရီ • ပေါ်တာ မှော်ကမ္ဘာ၏ ပရိသတ်များ)ဟု ခေါ်ပါသည်။ ရှောက်ဝမ်၏ အမြင်တွင် အပန်းဖြေစခန်းတွင် လည်ပတ်သည့်အခါမှာ ဤသို့ အလှဆင်ခြင်းသည် အလွန် လိုအပ်ပါသည်။ “ပထမဦးဆုံးမှာ ကျွန်ုပ်တို့က ဒီလိုအလှဆင်ခြင်းနဲ့‘ဟာယ်ရီ ပရိသတ်’ အဖြစ် ဖော်ထုတ်တယ်။ ဒုတိယအနေနဲ့ အားလုံးက ဒီနည်းလမ်းနဲ့ ‘အဝိုင်းအဖွဲ့နဲ့ မိတ်ဆွေဖွဲ့’တယ်။ တစ်ခါတလေမှာ လမ်းပေါ်မှာ လျှောက်ရင်း အနီနဲ့ အဝါရောင်လည်ပတ်ပုဝါကို ဝတ်ထားတဲ့ သူစိမ်းတွေကို တွေ့ရင်စကားမပြောပေမယ့် တူညီတဲ့ အမျိုးအစားအဖြစ် သတ်မှတ်နိုင်တယ် ” ဟု ရှောက်ဝမ်က ပြောသည်။ 

113.jpg

和“哈迷”、“哈迷”圈一样,几乎每种兴趣都能形成消费圈层。中山大学传播与设计学院副研究员刘黎明说,为IP、偶像、周边等付费,使他们强化了“我是谁”的认知、构建了身份标识,并识别圈内其他成员,从而获得归属感。值得注意的是,身份认同的承载体不一定是某件具体物品,因兴趣而付费参加活动、购买服务同样可以达到目的,比如因欣赏同一名运动员而观看比赛、热爱同一部音乐剧而抢购演出票等。

“ဟာယ်ရီ ပရိသတ်” နှင့် “ဟာယ်ရီ ပရိသတ်”အဝိုင်းအဖွဲ့ကဲ့သို့သော ဝါသနာပါသူတိုင်းနီးပါးသည် စားသုံးမှုအဝိုင်းကို ဖွဲ့စည်းနိုင်ပါသည်။ ဥာဏ်ပညာပိုင်ဆိုင်မှုကို ရရှိနိုင်ရန်အတွက် ဥာဏ်ပညာပိုင်ဆိုင်မှုများ၊ Idols ၊ ဥာဏ်ပညာပိုင်ဆိုင်မှုမှ ဆင်းသက်လာသော ပစ္စည်းများစသည်တို့အတွက် ငွေထုတ်ပေးခြင်းသည် လူတို့၏ “ကျွန်တော်ဘယ်သူလဲ” ဆိုသော အသိဥာဏ်ကို အားကောင်းလာစေ၍ မိမိ၏ ကိုယ်ပိုင်လက္ခဏာကို တည်ဆောက်ထားပြီး အဝိုင်းအဖွဲ့ထဲတွင် အခြားအဖွဲ့ဝင်များကို ခွဲခြားသတ်မှတ်နိုင်ပါသည်။ ကိုယ်ပိုင်လက္ခဏာကို ခွဲခြားသတ်မှတ်ခြင်း၏ ဝန်ဆောင်မှုပေးသူသည် တိကျသေချာသော အရာတစ်ခု မဟုတ်ပေ။ ဝါသနာပါမှုကြောင့် ငွေထုတ်ပေးပြီး လှုပ်ရှားမှုများကို ပါဝင်ခြင်းနှင့် ဝန်ဆောင်မှု ဝယ်ယူခြင်းတို့သည် တူညီသော ရည်မှန်းချက်ကို ရရှိနိုင်ပါသည်။ ဥပမာ၊ တူညီသော အားကစားသမားတစ်ဦးကို သဘောကျသောကြောင့် ပြိုင်ပွဲတစ်ခုကို ကြည့်ခြင်း၊ တူညီသော ဂီတပွဲတစ်ခုကို ကြိုက်နှစ်သက်သောကြောင့် လက် မှတ်ကို လုဝယ်ခြင်းစသည်တို့ ဖြစ်သည်ဟု ကျုံစန်တက္ကသိုလ် သတင်းဖြန့်ဖြူးရေးနှင့်ဒီဇိုင်းကောလိပ်မှ တွဲဖက်သုတေသီ လျူလီမင်းက ပြောကြား သည်။ 

114.jpg

健康消费,避免冲动

ကောင်းမွန်စွာ စားသုံးပြီး စိတ်အားထကြွ

လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ 

在北京某中学工作的彤彤酷爱盲盒,从上学到工作,她见证了这个小众爱好火起来,自家的盲盒柜也越填越满。给兴趣付费、为情绪买单,难免落入冲动消费的圈套。以盲盒为例,商家释出的概念图极具美观,再配上抓人眼球的款式名称,消费者可能未见实物,便已燃起购买之欲。据调查显示,约44%的受访者每年为爱好花费1000元以下,26%支付1000—5000元,几乎不消费的只占19%。

ပေကျင်းမြို့မှ အလယ်တန်းကျောင်းတစ်ကျောင်းတွင် အလုပ်လုပ်နေသော ထွန်းထွန်းသည် မျက်မမြင်သေတ္တာများကို အလွန်ကြိုက်နှစ်သက်ပါသည်။ ကျောင်းတက်ချိန်မှစ၍ အလုပ်ဝင်သည်အထိ သူမသည် အဆိုပါလူသိနည်းသော ဝါသနာပါမှု၏ ရေပန်းစားလာမှုအကြောင်းကို သက်သေပြုခဲ့သည်။ သူမ၏ မျက်မမြင်သေတ္တာဘီရိုသည်လည်း ဖြည့်စွက်လေ ပြည့်စုံလေ ဖြစ်လာပါသည်။ ဝါသနာပါမှုနှင့် စိတ်ခံစားချက်အတွက် ငွေထုတ်ပေးခြင်းသည် စိတ်အားထကြွလှုပ်ရှားသော စားသုံးမှု ထောင်ချောက်ထဲသို့ မလွဲမသွေ ကျရောက်လေသည်။ မျက်မမြင်သေတ္တာများကို ဥပမာတစ်ခုအနေနှင့် ပြောရမည်ဆိုလျှင် ကုန်သည်များပေးသော စိတ်ကူးပုံသည် အလွန်လှပ၍ ဆွဲဆောင်မှုရှိသော ဒီဇိုင်းပုံစံအမည်နှင့် စားသုံးသူများသည် အစစ်အမှန်ပစ္စည်းကို မမြင်ဖူးကြသဖြင့် ဝယ်လိုစိတ်များ လောင်ကျွမ်းနေကြခြင်း ဖြစ်သည်။ စစ်တမ်းများအရ ၄၄% ခန့် ရှိသော အင်တာဗျူးဖြေသူများသည် တစ်နှစ်လျှင် ဝါသနာပါမှုအတွက် တရုတ်ယွမ် ၁၀၀၀ အောက် သုံးစွဲကြသည်။ ၂၆% ရှိသောလူတို့သည် တရုတ်ယွမ် ၁၀၀၀ မှ ၅၀၀၀ အကြားတွင် သုံးစွဲလျက်ရှိပြီး ၁၉% ရှိသောလူတို့သည် စားသုံးမှု မရှိသလောက်ဖြစ်ပါသည်။ 

115.jpg

现实中,也有消费者仔细选购周边(IP衍生品),力图实现兴趣爱好、情感表达与实际功用的统一。尽管已热爱哈利·波特系列十多年,但小王的周边数量非常有限,仅为一条羊毛围脖和两个钥匙扣。“冬天戴围脖保暖,平时拿钥匙扣挂工牌,另一个备用。魔杖、徽章、乐高哈利·波特系列积木等,令人心动却华而不实,且价格不菲,买回来也是摆进柜子闲置。”

လက်တွေ့ဘဝတွင် ဝါသနာပါမှု၊ စိတ်ပိုင်းဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုနှင့် လက်တွေ့အသုံးပြုမှုများ၏ ညီညွတ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူအချို့သည် ဥာဏ်ပညာပိုင်ဆိုင်မှုမှ ဆင်းသက်လာသော ပစ္စည်းများကို ဂရုတစိုက် ရွေးချယ်ပြီး ဝယ်ယူတတ်ကြသည်။ ရှောက်ဝမ်သည် ဟာယ်ရီ •ပေါ်တာ စီးရီးကို ၁၀ စုနှစ် တစ်ခုကျော်ကြာ နှစ်သက်ခဲ့သော်လည်း သူမ၏ ဥာဏ်ပညာပိုင်ဆိုင်မှုမှ ဆင်းသက်လာသော ပစ္စည်းများသည် အလွန် နည်းပါးသည်။ သူမသည် သိုး မွေးလည်ပတ်ပုဝါတစ်ထည်နှင့် သော့ချိတ်နှစ်ခုသာ ရှိသည်။ “ဆောင်းရာသီမှာ နွေးထွေးစေဖို့ လည်ပတ်ပုဝါကို ဝတ်ဆင်တယ်။ ပြီးတော့ သော့ချိတ်တစ်ခုနဲ့ အလုပ်ကတ်ကို ဆွဲပြီး နောက်တစ်ခုကို အရန်ပစ္စည်းအဖြစ် ထားလိုက်တယ်။ စကြာတုတ်၊  ရင်ထိုးတံဆိပ်ဟာယ်ရီ•ပေါ်တာစီးရီး လီဂို(Lego) အုတ်စတာတွေနဲ့ ကြည်နူးစရာကောင်းပေမယ့် အ သုံးမဝင်လှပါဘူး။ ပြီးတော့ ဈေးနှုန်းလည်း မသက်သာသလို ဝယ်ပြီးရင်လည်း အသုံးမချဘဲ ဘေးချိတ် ထားတတ်တယ်”ဟု ရှောက်ဝမ်က ပြောသည်။

116.jpg

宋思根表示,为情感付费时,应尽可能选择实用的产品,培养健康的消费理念。“我们要为快乐付费,不该为冲动买单。”

စိတ်ခံစားချက်အတွက် ငွေထုတ်ပေးရာတွင် ကောင်းမွန်သော စားသုံးမှုသဘောတရားကို မွေးထုတ်ရန် အသုံးဝင်သော ထုတ်ကုန်များကို တတ်နိုင်သမျှ ရွေးချယ်သင့်သည်။ “ကျွန်ုပ်တို့က စိတ်အားထကြွလှုပ်ရှားမှုမဟုတ်ဘဲ ပျော်ရွှင်မှုအတွက်ပဲ ငွေထုတ်ပေးရမယ်”ဟု စွန်ဇီကိန်းက ပြောသည်။


来源:澜湄趴




相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
全面开启知识产权强国建设新征...
 
保护知识产权 就是保护创新...
 
甜美耿马 蓝花楹盛开正当时...
 
跟着《茶经》阅读临沧茶的故事...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭