临沧新闻网
2023年06月06日 星期二
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】向往故乡的夏天
【中缅双语】向往故乡的夏天
发布时间:2022-07-27 17:33 新闻来源: 澜湄趴  浏览量:8573

911.jpg

朦胧的环境使我陷入了思想的世界,甚至城市中宏伟的摩天大楼也从我的视野中消失不见。随着脑海中浮现的新画面,我的思绪飘到了过去。

မြူမှုန်တို့ လွှမ်းခြုံနေသော ဝန်းကျင်တစ်ခုသည် ကျွန်မကို အတွေးကမ္ဘာထဲ ဆွဲခေါ်ငင်လေပြီ။ မြို့ပြ၏ ကြီးမားခမ်းနားလှသော တိုက်တာအဆောက်အဦးတို့သည်ပင် ကျွန်မ၏ မျက်စိပသာဒဝယ် လှပခြင်း ကင်းလေပြီ။ အသွင်သစ် အမြင်သစ်ဖြစ်၍ လန်းဆန်းတက်ကြွနေရမည့်အစား ကျွန်မ၏ စိတ်အစုံသည် အတိတ်ဘုံ၌သာ ရစ်ဝဲနေမိတော့သည်။


街道上传来车辆来来往往的声音,这让我不禁想起从佛塔传来的诵经声。在信奉佛法的故乡,无论哪个季节,都像春暖花开一样宁静。在这段时间,故乡的夏天也即将到来。

လမ်းမပေါ်မှ ပီပီပွမ်ပွမ် ကားသံတညံညံကိုပင် ကျွန်မ၏ စိတ်ထဲ၌ ဘုရားစေတီများပေါ်မှ ဆည်းလည်းသံများလားဟု ယောင်ယမ်းတမ်းတလာမိသည်။ ဘုရားရိပ်၊ တရားရိပ် လွှမ်းခြုံလျက်ရှိသော အမိမြေသည် ဆည်းလည်းသံ တညံညံနှင့် နွေမိုးဆောင်းရာသီမရွေး အေးချမ်းသာယာနေခဲ့သည်ပင် မဟုတ်ပါလော။ ဤအချိန်ဆိုလျှင် အမိမြေ၌ နွေရာသီကာလသို့ ကျရောက်နေပေမည်။


912.jpg


说起夏天,我脑海里描绘出这样一幅画面——家乡人民为庆祝夏稻丰收即将一起布施的盛大场景。根据缅历计算,德保(Tabaung)、得固(Tagu)、格绒(Kason)和那雍(Nayon)这4个月是缅甸的夏季。由于缅甸地处热带,除高山地区之外,其他地区的气温并无太大差异。然而,故乡所在的中部地区却是最热的地区之一,它的夏季平均气温在35-40度左右,有时会达到40度以上。但在我看来,高温只会让缅甸中部地区的夏日之美更加凸显。

“နွေ”ဟု ဆိုလိုက်လျှင်ပင် အတွေးထဲ၌ အမိမွေးရပ်မြေ အညာဒေသရှိ တောင်သူဦးကြီးတို့ နွေချိန်ခါ စပါးရိတ်သိမ်းအပြီး ငွေရွှင်ကာ အလှူကြီးများ ကျင်းပနေတော့မည့် ပုံရိပ်တို့ အောက်မေ့မိလာသည်။ အမိမြေတွင် မြန်မာလများဖြစ်သည့် တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန် ၄ လသည် နွေကာလများပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် အပူပိုင်းရပ်ဝန်းတွင် တည်ရှိသောကြောင့် မြင့်မားသည့် တောင်ပေါ်ဒေသများမှအပ ကျန်ဒေသများ၏ အပူချိန်မှာ သိပ်ကွာခြားမှုမရှိပေ။ သို့ရာတွင် အလယ်ပိုင်း အညာဒေသသည် တစ်နိုင်ငံလုံးတွင် အပူဆုံးအပိုင်းဖြစ်သည်။ ပျမ်းမျှအပူချိန်မှာ ၃၅-၄၀ ဒီဂရီ ဝန်းကျင်ဖြစ်သည်။ ရံဖန်ရံခါ အပူချိန် ၄၀ ဒီဂရီအထက် ရောက်တတ်သည်။ သို့ရာတွင် အညာဒေသ၏ နွေအလှကို ဤအရာက ပိုမိုတောက်ပစေသည်ဟု ထင်မိသည်။


913.jpg


缅历德保(Tabaung)月是初夏,在这个季节,白昼炎热,夜晚凉爽。故乡的初夏清晨雾气氤氲,意境格外优美。日间,天空中布满了五彩云,正如一幅栩栩如生的云霞图跃然纸上。随着夜幕降临,天高云淡,日月星辰尽收眼底。在缅甸中部地区,具有代表性的初夏植物有苦楝、罗望子树等,这些树木的叶子颜色已经由绿变黄,再由黄变深。茂盛的树叶随风摇曳,正好展现了大自然之美。旧叶落下,再长新叶,竞相生长的新叶都想在老树上占据自己的一席之地,老树也为夏季增添了浓浓的绿意。此外,在茂密的树荫下,水罐被整齐地摆放着,为过往的行人们消暑解困。坐在树荫下乘凉,再喝上一口凉爽的水,给这夏季增添了一丝不一样的美。

တပေါင်းလသည် နေ့ပူညချမ်းသည့် နွေဦးအခါသမယပင် ဖြစ်သည်။ နွေဦးကာလ၏ နံနက်ခင်းသည် မြူမှုန်အခိုးအငွေ့များကြား၌ အင်မတန်ပင် အသက်ဝင်လှသည်။ နေ့အခါ၌ ကောင်းကင်ယံမှာ တိမ်ရောင်စုံများဖြင့် ရှုမငြီးဖွယ် ကောင်းကင်တိမ်ပန်းချီကို မြင်တွေ့နိုင်သကဲ့သို့ ညချိန်ခါရောက်လျှင်လည်း အာကာယံသည် တိမ်ကင်းစင် လျက်ရှိပြီး ငွေလစန္ဒာနှင့် ကြယ်ကလေးများ၏အလှကို ပေါ်ပေါ်လွင်လွင် မြင်တွေ့နိုင်သည်။ နွေဦးကာလ၏ အဓိက ပြရုပ်များဖြစ်သည့် အညာဒေသ၌ရှိသော တမာပင်၊ မန်ကျည်းပင် စသည့်သစ်ပင်များထက်မှ သစ်ရွက်တို့သည်လည်း ရင့်ရော်ကြလေပြီ။ စိမ်းရာမှ ဝါ၊ ဝါရာမှ ရင့်ရော်ကာ လေရူးအဝေ့အဝိုက်တွင် ဝေသည်ကဝေနှင့် သဘာဝအလှကို ဖော်ပြနေကြပါသည်။ ရွက်ဟောင်းတို့ ကြွေပြီးနောက် နုနုထွတ်ထွတ် သစ်ရွက်အဖူးအညွန့်တို့က အရိုးပြိုင်းပြိုင်းနှင့် အဆင်းမလှခဲ့ရှာသော သစ်ပင်အိုကြီး၌ နေရာယူလိုက်ကြလေပြီ။ ထိုအခါ သစ်ပင်အိုကြီးလည်း တစ်ဖန်ပြန်၍ စိမ်းကာစိုကာ နွေအလှကို ဖြည့်စွက်လိုက်ပြန်သည်။ ထို့အပြင် နေရာဒေသမရွေး အရိပ်အာဝါသ ကောင်းသော သစ်ပင်ကြီးများအောက်တွင် ခရီးသွားလာသူတို့ အေးချမ်းပါစေဟု စိတ်စေတနာဖြင့် ရေချမ်းအိုးများ တည်ထားတတ်ကြသည်။ သစ်ပင်အရိပ်အောက်၌ နေရာယူနေတတ်သည့် ရေချမ်းစင်လေးမှာလည်း နွေကာလ၏ အလှတရားကို ပိုမို အသက်ဝင်စေသည်။


914.jpg


在缅甸中部地区的盛夏,我们都能切身感受到炎热。那时,即使是最低温度,也有40度左右。在此期间,当地民众只能顶着炎炎烈日,冒着高温酷暑生活。随着温度的逐渐升高,河流、小溪和沿海水域的水也在减少,对于渔民来说,他们将花积蓄过日子。但如果发生干旱,对于一切生物来说都将非常危险,这就需要当地民众提前做好抗旱准备。

နွေလအလယ် အလွန်ပူပြင်းလှသည့် ဒဏ်သည် နှစ်စဉ်ဆိုသလို အညာဒေသတွင် ကြုံတွေ့ရစမြဲဖြစ်ပါသည်။ ထိုအချိန်၌ အနိမ့်ဆုံးအပူချိန်သည်ပင် ၄၀ ဒီဂရီဝန်းကျင် ရှိနေတတ်သည်။ ဤကာလတွင်မူ အညာဒေသသည် နွေ၏အညှိုးကြီးမားလှသည့် အပူဒဏ်ကို ခါးသီးစွာ ခံစားကြရပေသည်။ အပူချိန် မြင့်လာသည်နှင့်အမျှ မြစ်၊ ချောင်း၊ ပင်လယ်ကမ်းစပ်တို့တွင် ရေများလျော့နည်းကုန်တော့သည်။  ဤအချိန်သည် တံငါသည်များအဖို့ လက်ထဲငွေရွှင်မည့် အချိန်ပင် ဖြစ်သည်။ သို့ရာတွင် အလွန်ရေခမ်းခြောက်သည်အထိဖြစ်လာလျှင် သက်ရှိသတ္တဝါများအဖို့ အလွန်အန္တရာယ် ရှိနိုင်သည်မို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပြန်သည်။


915.jpg


在交通便利的城市及周边地区,大家选择用现代空调、电风扇来防暑降温。但在远离城市的乡村地区,大家的防暑降温方式会相对简单和天然,要么去寺庙、茂密的树荫、树荫下的房子或竹榻等地方乘凉,要么去溪流旁搭帐篷,这些防暑方式都比较常见。不管夏季有多么炎热,作为人生的旅客,我们在熬过酷暑中,也迎接了一项光荣的挑战。

လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည့် မြို့ပေါ်ဒေသ နှင့် အနီးတစ်ဝိုက်တွင် ခေတ်မီလေအေးပေးစက်၊ ပန်ကာ စသည်တို့ဖြင့် အပူဒဏ်ကို အန်တုနိုင်သော်လည်း မြို့ပြနှင့်ဝေးသည့် ကျေးလက်ဒေသများတွင်မူ သဘာဝတရားနှင့် အားလျော်စွာ ဘုရားကျောင်းကန်များ၌လည်းကောင်း၊ အရိပ်အာဝါသကောင်းသော သစ်ပင်ရိပ်၌လည်းကောင်း၊ သစ်ပင်ရိပ်အောက်ရှိ ဇရပ်၊ ကွပ်ပျစ် စသည့်နေရာများတွင်လည်းကောင်း၊ စမ်းချောင်းဘေး၌ တဲထိုး၍လည်းကောင်း အနေများတတ်သည်။ နွေအပူ မည်မျှပင်ပူပါစေ ကျွန်မတို့သည် ဘဝခရီးသည်များဖြစ်သည့်အတွက် နွေအပူဒဏ်ကို အန်တုရင်း ရုန်းကန်လှုပ်ရှား ရှင်သန်နေကြရသည်မှာလည်း လေးစားဖွယ်ကောင်းသော စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။


916.jpg


吱吱吱……我被室友的自行车刹车声吓了一跳,方才回过神来。我不再回想,准备打开手机播放泼水节歌曲。可在听歌中,我又再次陷入沉思。这次想到的是在缅历得固(Tagu)月举办的泼水节,它是缅甸人的传统新年,也是一年当中最为盛大的节日。在新的一年中,大家相互泼洒吉祥的水花,祈求洗去不顺。这个季节百花齐放,但紫檀花却只在新年绽放,它的荣光是其它鲜花无法企及的。泼水节和紫檀花是交织在一起的,就像说到泼水节就会想起紫檀花一样,说到紫檀花也会立马回想起泼水节的盛景。

“ကျွီ” ဟူသော အခန်းဖော်ပြန်လာသည့် စက်ဘီး ဘရိတ်အုပ်သံကြောင့် အတွေးပင်လယ်ဝေနေသော ကျွန်မ လန့်ဖျပ်သွားရသည်။ ယခုမှပင် ပတ်ဝန်းကျင်ကို သတိထားမိလိုက်သည်။ အတွေးနယ်မချဲ့ခင် ဖုန်းထဲမှ အတာသင်္ကြန် သီချင်းဖွင့်ထားသည်မှာ ကြာရော့ပါမည်။ တန်ခူးလမှာ ကျင်းပသည့် မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်ဖြစ်သော အတာသင်္ကြန်ပွဲကား ဆယ့်နှစ်လရာသီပွဲတော်များထဲတွင် အစည်ကားဆုံး ဖြစ်သည်။ သင်္ကြန်ပွဲတော်၌ နှစ်သစ်ကူးတွင် အညစ်အကြေးများ ကင်းစေရန် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်စွာ ရေပက်ကစားကြပါသည်။ ဤရာသီတွင် ပန်းပေါင်းစုံတို့ အလှချင်းပြိုင်ကာ ဖူးပွင့်ကြသော်လည်း နှစ်သစ်ကူးချိန်ခါ၌ ပွင့်တတ်သည့် ပိတောက်ပန်း၏ ဂုဏ်သတင်းကိုမူ အန်မတုနိုင်ချေ။ သင်္ကြန်နှင့် ပိတောက်သည် တွဲလျက်ရှိပေသည်။ သင်္ကြန်ဟုဆိုလိုက်လျှင် ပိတောက်ကို အောက်မေ့သကဲ့သို့ ပိတောက်ဟုဆိုလိုက်လျှင် သင်္ကြန်ပုံရိပ်တို့ အောက်မေ့မိလေသည်။


窗外的凉风袭来,把再次陷入沉思的我唤醒。而在我心中的,还是位于缅甸中部地区的家乡夏日美景和新年泼水节。

ပြတင်းပေါက်မှ အအေးငွေ့တို့ သယ်ဆောင်လာသော လေပြေညင်းက အတွေးရေယာဉ်ကြောဝယ် နစ်မျောနေသော ကျွန်မကို လန့်နိုးစေသည်။ ယခုအခါတွင်မူ ကျွန်မ၏ စိတ်အစုံသည် မွေးဌာနီ အညာဒေသ၏ နွေကာလသဘာဝ အလှပုံရိပ်များအကြောင်း၊ နှစ်သစ်ကူးပွဲတော် အကြောင်း တွေးရင်းဆွေးရင်းဖြင့်သာ ကျေနပ်နေရပါတော့သည်။


相关阅读
第四届中缅边交会综述4|民心相通,为中缅印度洋新通道建设厚植文化根基
第四届中缅边交会综述3|结出硕果,中缅印度洋新通道让双方经贸交流脉动更强劲
第四届中缅边交会综述2|达成共识,中缅印度洋新通道的优势与潜力
 
第四届缅甸(腊戍)-中国(临沧)边境经济贸易交易会暨缅甸(内比都)-中国(临沧)经济贸易展洽会将于5月25日开幕
【缅语有声读物】无痛攒钱,攒的是梦
探访中缅新通道 | 历届边交会成果盘点
 
图片导读
 
新茶饮“联姻”传统茶 这对CP“...
 
人人讲安全 个个会应急...
 
温度临沧 | 执笔做戟 不负青春...
 
加油!数字时代的我们...
 
友情链接:
临沧市政府公众信息网 临沧文明 网临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
前置审批:云新网前审字2008-17号
互联网违法和不良信息举报电话:0883—2123208;举报邮箱:lincangjubao@126.com