临沧新闻网
2024年05月12日 星期日
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】无痛攒钱,攒的是梦
【中缅双语】无痛攒钱,攒的是梦
发布时间:2023-05-22 22:46 新闻来源: 澜湄趴  浏览量:873

2023刚刚过去一个月,不少Z世代的新年flag已经立好。“月入五千,2023如何攒够10万元”“这样存钱,月光也能变富婆”“一个真的能存下钱的神奇办法”……社交平台上,一个个热门话题,狠狠地拿捏住了Z世代当下最关心的事——“如何无痛省钱”。然而,不同于老一辈对于储蓄的热情,Z世代的攒钱,则更多地只是为了以后能更好地消费。

၂၀၂၃ ခုနှစ်ကို တစ်လတာကျော်ဖြတ်လာပြီဖြစ်သကဲ့သို့ Generation Z များ၏ နှစ်သစ်ပန်းတိုင်များသည်လည်း ချမှတ်ထားကြပြီဖြစ်သည်။ “လစဉ်ဝင်ငွေ ယွမ်၅,၀၀၀  ဖြင့် ၂၀၂၃ ခုနှစ်တွင် ယွမ် တစ်သိန်းပြည့်အောင် မည်ကဲ့သို့ စုရမည်နည်း”၊ “ဤသို့ငွေစုခြင်းဖြင့် လမကုန်မီ လစာကုန်နေသူများပင် သူဌေးမကြီး ဖြစ်လာနိုင်မည်”၊ “ငွေတကယ်စုနိုင်မည့် ထူးခြားသည့် နည်းလမ်း”... စသဖြင့် အွန်လိုင်းပေါ်တွင် ခေတ်စားနေသော ခေါင်းစဉ်များသည် Generation Z များ အထူးစိတ်ဝင်စားသည့် အချက်ဖြစ်သော “ခက်ခဲမှုမရှိ မည်သို့ငွေစုရမည်နည်း” ဟူသော အချက်ကို ပိုင်ပိုင်ကြီး ဆုပ်ကိုင်ထားသည်။ သို့သော်  Generation Z များ၏ ငွေစုခြင်းသည် အသက်ကြီးသူများ၏ ငွေစုရန် စိတ်အားထက်သန်ခြင်းနှင့်မတူညီဘဲ အနာဂတ်တွင် ပိုမိုကောင်း မွန်စွာ သုံးစွဲနိုင်ရန်အတွက်သာဖြစ်သည်။

1684766915726.png

攒钱是为了更好地花钱

ငွေစုခြင်းသည် ငွေကို ပိုမိုကောင်းမွန်စွာ 

သုံးစွဲစေနိုင်ရန် ဖြစ်သည်

把钱全都攒起来不花,显然不符合今天中国年轻人的生活方式,可不攒钱又怕未来idol出新专辑的时候自己“两袖清风”。面对这种两难的局面,聪明的Z世代研发出了无痛攒钱法。“无痛攒钱”是受当代年轻人欢迎的一种攒钱方式。以每次攒钱数小、周期短、目标小为特点。在不知不觉中,实现痛感极低的攒钱计划。举个例子:如果每周攒50块钱,那么3个月就能攒下一张演唱会门票。

ပိုက်ဆံအားလုံးက စုထားပြီး မသုံးဘဲနေခြင်းသည် ယနေ့တရုတ်လူငယ်များ၏ နေထိုင်မှုပုံစံနှင့်မကိုက်ညီတော့ပေ။ သို့သော် ငွေမစုထားပါကလည်း နောင်တွင် မိမိကြိုက်နှစ်သက်သည့် idol သီချင်းအသစ် ထွက်သည့်အခါတွင် မဝယ်နိုင်တော့ပေ။ ဤသို့ ခက်ခဲသည့် အနေ အထားပေါ်တွင် Generation Z များက ခက်ခဲမှုကင်းသည့် ငွေစုနည်းကို စူးစမ်းထုတ်ဖော်ခဲ့သည်။ “ခက်ခဲမှုကင်းသည့်ငွေစုနည်း”သည် ယနေ့ လူငယ်များကြားတွင် ရေပန်းစားနေသည့် ငွေစုနည်းတစ်မျိုးဖြစ်လာသည်။ ငွေပမာဏအနည်းငယ်စုခြင်း၊ အချိန်ကာလ တိုတောင်းခြင်း၊ ပန်းတိုင်သေးငယ်ခြင်း စသည့် ထူးခြားချက်များဖြင့် ခက်ခဲမှုအနည်းဆုံးဖြစ်သည့် ငွေစုစီမံချက်ကို လုပ်ဆောင်နိုင်ခဲ့သည်။ ဥပမာ- အပတ်စဉ် ယွမ် ၅၀ စုနိုင်ပါက အချိန် ၃ လဆိုလျှင် သီချင်းဖျော်ဖြေပွဲလက်မှတ်တစ်စောင် ရရှိနိုင်ပြီဖြစ်သည်။

132.jpg

133.jpg

无痛攒钱法又被称为Z世代的投币式许愿法,每日仅需不多的金额,即可助力自己未来的一个梦想。

ခက်ခဲမှုကင်းသည့် ငွေစုနည်းကို Generation Z များ၏ အကြွေစေ့ပစ်ဆုတောင်းနည်းဟု လည်းခေါ်ကြပါ သည်။ နေ့စဉ်ငွေပမာဏနည်းနည်းဖြင့် မိမိ၏ အနာဂတ်အိပ်မက်တစ်ခုကို ဖြစ်မြောက်စေနိုင်ပါသည်။

有点儿收入且自律的小刘,今年就准备实施365天存钱法。她存钱并不是为了啥后顾之忧,而是为了躺在购物车里那只心爱的镯子。新的一年,她在本子里填上了1到365的数字,第1天存1元、第2天存2元、第3天存3元……以此类推,她算过,按照这种办法一年能存下66795元。只要每天坚持存钱,到年底除了一手拿下镯子,还能用多出的4000块钱带爸妈去吃好吃的。

ဝင်ငွေအနည်းငယ်ရှိပြီးစည်းကမ်းရှိသော ရှောင်လျိုသည် ယခုနှစ်တွင် ၃၆၅ ရက်ငွေစုနည်းကို စတင် လုပ်ဆောင်မည်ဖြစ်သည်။ သူမ ငွေစုသည့် ရည်ရွယ် ချက်သည် မိမိကြိုက်နှစ်သက်သည့် လက်ကောက်တစ်ကွင်း ဝယ်လိုခြင်းကြောင့်ဖြစ်သည်။ နှစ်သစ်တွင် သူမသည် စာအုပ်ထဲ၌ ၁ မှ ၃၆၅ အထိ ဂဏန်းများ ရေးသားထားသည်။ ပထမရက်တွင် ၁ ယွမ်၊ ဒုတိယရက်တွင် ၂ ယွမ်၊ တတိယရက်တွင် ၃ ယွမ် စသဖြင့် စုဆောင်းခြင်းဖြစ်သည်။ ဤနည်းလမ်းဖြင့်  ၆၆၇၉၅ ယွမ် စုနိုင်မည်ဟု သူမ တွက်ချက်ထားပါသည်။ နေ့စဉ် ငွေစုခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်လာပါက နှစ်ကုန်‌ရောက်သည့်အခါ လက်ကောက်ဝယ်နိုင်သည်သာမက ပိုထွက်လာသောယွမ် ၄,၀၀၀ ဖြင့် မိဘနှစ်ပါးကိုလည်း စားကောင်း သောက်ဖွယ်များ ဝယ်ကျွေးနိုင်မည်ဖြစ်သည်။

准备在2023年年底去泰国玩的小李,最近也实施起了相对轻松的52周存钱法。方法很简单:一年52周,每周递存10元。第1周存10元,第2周存20元……到第52周存520元。坚持一年,她就能攒下13780元。从广州出发,年底往返泰国的机票3000多元就能搞定。几天的旅行,除去机票,剩下的1万块钱足够吃、住、玩儿的了。

၂၀၂၃ ခုနှစ် နှစ်ကုန်ခန့်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်လိုသော ရှောင်လီသည် ယခုရက်ပိုင်းတွင် လွယ်ကူသက်သာသော ၅၂ ပတ်ငွေစုနည်းကို လုပ်ဆောင်နေပါသည်။ နည်းလမ်းမှာ - တစ်နှစ်တွင် ၅၂ ပတ်ရှိပြီး အပတ်စဉ် ၁၀ ယွမ် တိုးပြီး စုခြင်းဖြစ်သည်။ ပထမအပတ် ၁၀ ယွမ်၊ ဒုတိယအပတ် ယွမ် ၂၀ .... ၅၂ ပတ်တွင်  ၅၂၀  ယွမ် စုခြင်းဖြင့် တစ်နှစ်လျှင် ၁၃၇၈၀ ယွမ် စုနိုင်မည်ဖြစ်သည်။ ကွမ်ကျိုးမှ သွားမည်ဆိုပါက  ထိုင်းသို့ အသွားအပြန် လေယာဉ်လက်မှတ်သည် ယွမ် ၃,၀၀၀ ခန့်သာရှိသည်။ လေယာဉ်လက်မှတ်ဖိုးဖယ်လိုက်ပြီးနောက် သုံးလေးရက်ကြာ ရက်တိုလည်ပတ်သည့်ခရီးစဉ်အတွက် ယွမ် ၁၀,၀၀၀ သည် လုံလောက်ပြီဖြစ်ပါသည်။

134.jpg

ငွေစုခြင်းသည် စည်းစိမ်ဥစ္စာစုဆောင်းခြင်းဖြစ်သည်

花钱是为了更好地积累财富

无论什么攒钱行为,其实都是年轻人在为新的支出做着缜密的预备工作。如果说老一辈的攒钱是真的在为未来做打算,那Z世代攒钱很大程度上是为了能更好地花钱。攒钱说到底就是少花钱,对于今天的年轻人,少花钱,可能是学会了有效花钱。遇到高单价的商品,比起一味抱怨“太贵了”,我们能够冷静看清一件商品是如何“贵有贵的道理”,能够学会欣赏昂贵而精良东西,认清它们和普通、一般的差异,这也是一种能力。

လူငယ်များသည် မည်သို့သောနည်းလမ်းဖြင့် ငွေစုသည်ဖြစ်စေ အခြားသောနေရာတွင် ငွေအသုံးပြုရန်အတွက် ကြိုတင် စီမံလုပ်ဆောင်ခြင်းဖြစ်ပါသည်။ အသက်ကြီးသူများ၏ ငွေစုခြင်းသည် အနာဂတ်အတွက်စီမံခြင်းဟု ဆိုပါက Generation Z များ၏ ငွေစုခြင်းသည် ငွေကို ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်ရန်အတွက် ဖြစ်ပေသည်။ ငွေစုခြင်းသည် ငွေလျော့သုံးခြင်း ဖြစ်သည်။ ယနေ့ခေတ်လူငယ်များအတွက် ငွေလျော့သုံးခြင်းသည် ငွေကို ထိရောက်စွာ အသုံးပြုတတ်ရန် သင်ယူတတ်မြောက်လာခြင်းဖြစ်သည်။ စျေးနှုန်းမြင့်သည့်ပစ္စည်းကို “စျေးကြီးလိုက်တာ”ဟု ပြောနေသည်ထက် ကျွန်တော်တို့သည် ဤကုန်ပစ္စည်း စျေးကြီးရသည့်အကြောင်းကို သေချာနားလည်နိုင်ပါက ဈေးကြီးပြီး လက်ရာသေသပ်ကောင်းမွန်သော ပစ္စည်းများကို ခံစားသုံးစွဲတတ်စေရန် သင်ယူနိုင်မည်ဖြစ်ကာ သာမန်ပစ္စည်းများနှင့် ကွာခြားချက်ကို တွေ့မြင်နိုင်ခြင်းသည်လည်း စွမ်းရည်တစ်မျိုးပင်ဖြစ်ပါသည်။

最终,我们或许都骄傲地成为了月光族,每一笔消费都是性价比极高的那种。这个时候,数字多少其实已不再重要,因为攒钱的年轻人都能在任务达成那天坦然说出:“搞了半天,不是攒钱,是在攒梦啊!”

နောက်ဆုံးတွင် ကျွန်တော်တို့သည် ဂုဏ်ယူစွာဖြင့်     လမကုန်မီလစာအကုန်ကုန်သူများ ဖြစ်သွားနိုင်သော်လည်း အသုံးပြုလိုက်သော ပစ္စည်းအားလုံးမှာ စျေးနှုန်းနှင့် အရည်အသွေးမြင့်မားကြသည်။ ၎င်းအချိန်တွင်  ကိန်းဂဏန်း အနည်းအများသည် အရေးမကြီးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ငွေစုနေကြသော လူငယ်များအားလုံးသည် ပန်းတိုင်သို့ရောက်သည့်နေ့တွင် “နောက်ဆုံးတော့ ငွေစုတာမဟုတ်ဘဲ အိပ်မက်ကို စုတာပါပဲ”ဟု ပွင့်လင်းစွာ ပြောဆိုနိုင်ကြမည်ဖြစ်သည်။

来源:《吉祥》杂志

图片:新华社 视觉中国

朗读:龙威(缅籍)

编辑:张莹琳

审核:张若谷


相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
临沧临翔:推进秸秆综合利用...
 
临沧云县:凤凰花开迎客来...
 
临沧临翔:这片高山花海,深深...
 
爱由心生 人道临沧...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭