临沧新闻网
2024年05月20日 星期一
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】住进书店:一种比24小时书店更沉浸式的阅读体验
【中缅双语】住进书店:一种比24小时书店更沉浸式的阅读体验
发布时间:2023-08-08 15:17 新闻来源: 澜湄趴  浏览量:819

2014年7月12日,位于广州体育东路的1200bookshop正式对外营业,这是广州第一家24小时营业的书店。书店创办人刘二囍还记得开业那天晚上,书店内人潮涌动,媒体蜂拥而至,所有人一起期待凌晨的到来。那时候的人们对于凌晨的书店是什么样子充满了好奇,究竟什么人会在凌晨的书店阅读?如今8年多时间已经过去,1200bookshop发展得怎么样?

ကွမ်ကျိုးမြို့အားကစားအရှေ့လမ်း၌ တည်ရှိသော 1200bookshop ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ ကွမ်ကျိုးမြို့၏ ပထမဆုံးသော ၂၄ နာရီ ဖွင့်သည့် စာအုပ်ဆိုင် ဖြစ်သည်။ ဆိုင်ဖွင့်ပွဲ မတိုင်မီ ရှေ့တစ်ညကတည်းကပင် စာအုပ်ဆိုင်သို့ လူများ ကြိတ်ကြိတ်တိုး၊ မီဒီယာများ အလုံးအရင်းနှင့် ရောက်ရှိလာကြပြီး၊ မနက်မိုးလင်း ဆိုင်ဖွင့်ပွဲအား စောင့်မျှော်နေခဲ့ကြသည်ကို စာအုပ်ဆိုင်တည်ထောင်သူ လျိုအော့ရှီ မှတ်မိနေသေးသည်။ နံနက်မိုးလင်းချိန်တွင် ဖွင့်လှစ်မည့် စာအုပ်ဆိုင်က ဘယ်လို ပုံစုံမျိုး ဖြစ်မလဲ၊ မိုးလင်းပေါက် ဖွင့်သည့် စာအုပ်ဆိုင်မှာ ဘယ်သူတွေ စာလာဖတ်ကြမလဲဆိုသည်ကို အားလုံးက စိတ်ဝင်တစားသိချင်နေခဲ့ကြသည်။ ယခုအခါ ဆိုင်သက်တမ်း ၈ နှစ်ရှိပြီဖြစ်သော 1200bookshop ၏ တိုးတက်ဖြစ်ထွန်းမှု အခြေအနေ ဘယ်လို ရှိနေပါပြီလဲ။

61.jpg

/01/

深夜书店存在的意义是什么?

ညဉ့်နက်သန်းခေါင် စာအုပ်ဆိုင်ဖွင့်ထားခြင်း၏ အနက်အဓိပ္ပာယ်က ဘာလဲ

在电商平台的冲击下,实体书店举步维艰,24小时书店的通宵营业更像一种行为艺术。

အီးကောမာ့စ်ပလက်ဖောင်းများ၏ ရိုက်ခတ်မှုကြောင့် စာအုပ်ဆိုင်များ ခက်ခဲလာကြချိန်တွင် ၂၄နာရီစာအုပ်ဆိုင်၏ မိုးလင်းပေါက်ဖွင့်လှစ်ရောင်းချသည့် ပုံစံသည် ဖျော်ဖြေရေးအနုပညာတစ်မျိုးနှင့် ပို၍ဆင်တူနေခဲ့သည်။

人们真的需要24小时书店吗?“三更半夜去书店阅读确实是一个伪需求。” 刘二囍直言不讳。但他停顿了一下,又说:“而希望在深夜凌晨的城市中找到一个安身之处是硬需求,就算一个人也能够不被打扰,这也是24小时书店所承载的意义。它能给人们在孤独的深夜提供一个可以待着的地方,且不需要有太大的负担。”

၂၄နာရီစာအုပ်ဆိုင်ကို လူတွေ တကယ်ပဲ လိုအပ်ပါသလား။ “ညဉ့်နက်သန်းခေါင်ကြီး စာအုပ်ဆိုင်မှာ စာအုပ် သွားဖတ်တာဟာ တကယ်တမ်းတော့ မဖြစ်မနေ လိုအပ်လို့ သွားကြတာ မဟုတ်ပါဘူး၊ သွားဖတ်ချင်ရုံ သက်သက်ကြောင့် သွားဖတ်ကြတာပါ”ဟု လျိုအော့ရှီက ဘွင်းဘွင်းရှင်းရှင်းနှင့် တည့်ပင် ပြောသည်။ သို့သော် ၎င်းက တစ်အောင့်လောက် ရပ်ပြီးမှ- “ညဉ့်နက်သန်းခေါင်၊ မိုးလင်းခါနီးအချိန်တွေ မြို့ပြထဲမှာ အေးအေးဆေးဆေး နေရာတစ်ခုကတော့ တကယ်လိုအပ်နေကြတဲ့အရာ ဖြစ်ပါတယ်။ တစ်ယောက်တည်းလည်း အနှောင့်အယှက်ကင်းကင်းနဲ့ နေလို့ရနိုင်မယ်လေ။ ဒါဟာ ၂၄ နာရီ စာအုပ်ဆိုင် ဖွင့်လှစ်ခြင်းရဲ့ အနက်အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ သူက လူတွေကို အထီးကျန် အဖော်မဲ့တဲ့ ညဉ့်နက်သန်းခေါင်အချိန်မှာ နေစရာ နေရာတစ်ခု ပေးထားပါတယ်၊ အဲဒီအတွက်လည်း ဈေးအကြီးကြီး ပေးစရာ မလိုပါဘူး”

凌晨两点多的书店里,有人趴在桌子上睡,有人靠着墙角睡,有人坐在台阶上。在深夜的1200bookshop,有个满头银发的老人在这里翻阅词典。他脾气不好,常和别的顾客吵架。但抱着砖头一般厚的词典时,他又极安静虔诚。有时夜里人多了,他也会一个人抱着书跑到楼梯一角坐下。旁边,是他随身携带的袋子,里面装着一堆破旧的换洗衣物。

မိုးမလင်းမီ နံနက် ၂ နာရီကျော်တွင် စာအုပ်ဆိုင်ထဲ၌ အချို့က စားပွဲပေါ်မှောက်အိပ်နေသည်။ အချို့က နံရံထောင့်မှာ မှီအိပ်နေသည်။ အချို့က လှေကားထစ်မှာ ထိုင်နေသည်။ ညဉ့်နက်သန်းခေါင်အချိန် 1200bookshop မှာ တစ်ခေါင်းလုံးဖြူနေသည့် အဘိုးအိုတစ်ယောက် အဘိဓာန်လှန်လှောနေ၏။ ၎င်းက ဒေါသကြီးသည်။ တခြားလူများနှင့် မကြာခဏ စကားများရန်ဖြစ်တတ်သည်။ သို့သော် အုတ်နီခဲလောက် ထူသည့် အဘိဓာန်စာအုပ်ကြီးကို ပွေ့ပိုက်ထားချိန်မှာတော့ ၎င်းက ငြိမ်ငြိမ်သက်သက် ရှိနေပြန်သည်။ တစ်ခါတလေ ညဘက် ဆိုင်မှာ လူကျသည့်အခါ သူက စာအုပ်ကြီးကို ပွေ့ကာ ထောင့်တစ်ထောင့်မှာ သွား၍ ထိုင်နေတတ်သည်။ နံဘေးမှာက၎င်း ကိုယ်နှင့်မကွာ အမြဲဆောင်လာတတ်သည့် အထုပ်ဖြစ်၏။ အထုပ်ထဲတွင် လျှော်မည့်အဝတ်ဟောင်းများ ထည့်ထားလေသည်။

62.jpg

一对在广州城区拥有房产的夫妻几乎夜夜来这里看书,妻子睡不着,独独在书店能睡下。丈夫陪在一旁,通宵安静地看《资治通鉴》。对他们而言,也许24小时书店能够提供一种归宿感。

ကွမ်ကျိုးမြို့မှာ အိမ်ပိုင်ရှိသည့် ဇနီးမောင်နှံနှစ်ယောက်သည်လည်း ညစဉ်ညတိုင်း စာလာဖတ်ကြ၏။ အိမ်မှာ အိပ်မပျော်သည့် ဇနီးဖြစ်သူက ဤစာအုပ်ဆိုင်မှာမှ အိပ်၍ပျော်လေသည်။ ခင်ပွန်းဖြစ်သူက ဘေးတွင် အဖော်လုပ်ပေးရင်း “History as a Mirror”စာအုပ်ကြီးကို ညလုံးပေါက် ထိုင်ဖတ်လေ၏။ ၂၄ နာရီစာအုပ်ဆိုင်က ၎င်းတို့အား အိမ်ဟူသောခံစားချက် ပေးစွမ်းနိုင်လေသည်။

一位即将离开广州的女生最后一次来到这里,写下:“一直不喜欢车水马龙的街头,不喜欢挤不完的公交地铁,谢谢书店,让我有了家的感觉。”经历过失恋、被辞退的年轻人专程回到书店留言:“还记得这里的书和咖啡。想想这段时间经历的事情,原来我已不知不觉成熟。谢谢有书有咖啡陪伴的每个夜晚。”

ကွမ်ကျိုးမှ ထွက်ခွာတော့မည့် မိန်းကလေးတစ်ယောက်သည် ဤစာအုပ်ဆိုင်သို့ နောက်ဆုံးအကြိမ် ရောက်လာပြီး “မော်တော်ကားတွေ ရှုပ်ယှက်ခတ်နေတဲ့ လမ်းမ၊ လူတွေတိုးကြိတ်နေတဲ့ မြေအောက်ရထား တို့ကို အစဉ်သဖြင့် သဘောမကျခဲ့ဘူး။ ကျွန်မကို အိမ်ဆိုတဲ့ခံစားချက်မျိုး ပေးခဲ့တဲ့အတွက် စာအုပ်ဆိုင်ကို ကျေးဇူးတင်ပါတယ်”ဟု မှတ်ချက်ရေးခဲ့သည်။ အသည်းကွဲဖူးသည့်၊ အလုပ်ပြုတ်ဖူးသည့် လူငယ်တစ်ယောက်ကလည်း စာအုပ်ဆိုင်သို့ တကူးတက ပြန်လာပြီး “ဒီက စာအုပ်တွေရယ် ကော်ဖီဆိုင်ရယ်ကို သတိရနေပါသေးတယ်။ ဒီကာလမှာ တွေ့ကြုံဖြတ်သန်းခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်မှန်းမသိ ရင့်ကျက်လာခဲ့ပါလားလို့ သိလာခဲ့ရပါတယ်။ စာအုပ်တွေရယ် ကော်ဖီရယ် ညစဉ်ညတိုင်း အဖော်ပြုပေးဖို့ ရှိနေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု မှတ်ချက်ရေးခဲ့သည်။

理想的城市就应该有足够多的空间和时间让人们免费栖息。刘二囍说:“我很欣慰夜间书店能够给他们提供一些光和热,与此同时,他们心怀感激之情,给予书店与店员尊重。我觉得服务于他们才是24小时书店更应该要做的,是他们的存在让1200bookshop更有存在的价值。”

အကောင်းဆုံးဖြစ်သော မြို့ပြဆိုသည်မှာ လူအများ အခမဲ့ နားနေနိုင်မည့် အချိန်နှင့်နေရာတို့ လုံလုံလောက်လောက် ရှိသင့်ပေသည်။ လျိုအော့ရှီက “ညလုံးပေါက်ဖွင့်တဲ့ စာအုပ်ဆိုင်က သူတို့တစ်တွေကို အလင်းရောင်နဲ့ နွေးထွေးမှုတချို့ ပေးစွမ်းနိုင်တဲ့အတွက် ကျွန်တော် အလွန်ကျေနပ်ပီတိ ဖြစ်မိပါတယ်။ ထိုနည်းတူစွာ သူတို့ကလည်း စာအုပ်ဆိုင်နဲ့ ဆိုင်ဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့စိတ်ထားဖြင့် လေးစားသမှု ပြန်၍တုံ့ပြန်ကြပါတယ်။ သူတို့ကို ဝန်ဆောင်မှုပေးခြင်းဟာ ၂၄ နာရီစာအုပ်ဆိုင်ရဲ့ လုပ်သင့်လုပ်ထိုက်သော တာဝန်တစ်ခု ဖြစ်တယ်လို့ ကျွန်တော် ခံယူပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုက 1200bookshop ရဲ့ ဖြစ်တည်မှုကို ပို၍တန်ဖိုး ရှိလာစေပါတယ်”ဟု ပြောပါသည်။

63.jpg

/02/

他们为什么睡在书店?

သူတို့ ဘာဖြစ်လို့ စာအုပ်ဆိုင်မှာ အိပ်ကြရတာလဲ

对现代人而言,“先去实体书店逛一逛,看到喜欢的书就拍下来,回家网购”的模式,已经成了普遍的省钱策略。那为什么还要去书店?我们也许可以换一个角度来看问题:现在全世界的音乐正在重新回到一个贩卖现场演唱的状态,从业者不再靠卖唱片赚钱,唱片对他们来讲是一个推销演唱会的工具。

ယနေ့ခေတ်လူများအဖို့ “စာအုပ်ဆိုင်တစ်ဆိုင်မှာ အရင်သွားကြည့်၊ ကြိုက်တဲ့စာအုပ်တွေ့ရင် ဓာတ်ပုံရိုက်ထား၊ အိမ်ပြန်ရောက်မှာ အွန်လိုင်းကနေ မှာဝယ်မယ်”ဆိုသည့်ပုံစံမှာ အများလက်ခံထားသည့် ပိုက်ဆံချွေတာသော နည်းလမ်း ဖြစ်နေပါပြီ။ ဒါဖြင့် ဘာလို့ စာအုပ်ဆိုင်သွားရပါသလဲ။ ဤကိစ္စကို ကျွန်ုပ်တို့ ရှုထောင့်တစ်မျိုးပြောင်း၍ ကြည့်နိုင်ပါသည်။ ယခုအခါ တစ်ကမ္ဘာလုံးရှိ ဂီတလောကတွင် စတိတ်ရှိုးလက်မှတ် ရောင်းချသည့် အနေအထားသို့ တစ်ဖန်ပြန်၍ ရောက်ရှိသွားနေပြီ။ ဂီတလောကသားတို့သည် ဓာတ်ပြားရောင်း၍ ရသော ဝင်ငွေဖြင့် အဓိက ရပ်တည်ခြင်း မဟုတ်တော့ပေ။ ၎င်းတို့အဖို့ ဓာတ်ပြားဆိုသည်မှာ စတိတ်ရှိုးအတွက် ကြော်ငြာပေးသည့် ကြော်ငြာနည်းတစ်ခုသာ ဖြစ်လာခဲ့ပြီ။

那为什么很多人愿意花一大笔钱去听演唱会和音乐会?原因之一是为了感受现场气氛。同样的,书店提供的也是一种阅读的现场气氛,而不再仅是买书和找书这么简单,去书店可能是为了寻求一种处于其中的阅读体验。

“စာအုပ်ဆိုင်+X” အိုင်ဒီယာမှ စတင်လာခဲ့လိုက်ရာကနေ ယခုအခါ လျိုအော့ရှီက စာအုပ်ဆိုင် လုပ်ငန်း၏ လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိလာခဲ့သည်။ ၎င်းက လိဝမ်းဟူပန်းခြံတွင် 1200bookshop—1200book&bed ဟူ၍ အဆင့်မြှင့်တင်လိုက်သော ဆိုင်တစ်ဆိုင်ကို ထပ်မံဖွင့်လှစ်လိုက်သည်။ အဆိုပါ စတုရန်းမီတာ ၁၁၀၀ ရှိသော စာအုပ်ဆိုင်ကို တိတိကျကျ အနက်ဖွင့်ဆိုရမည်ဆိုပါက “၂၄ နာရီ တည်းခိုခန်းစာအုပ်ဆိုင်” ဖြစ်ရပေမည်။ ဒါဖြင့် ဘာကြောင့် လူများက ငွေတွေအများကြီး အကုန်ကျခံကာ စတိတ်ရှိုးနှင့် ဂီတဖျော်ဖြေပွဲများကို သွားရောက်အားပေးကြရပါသလဲ။ အကြောင်းရင်းများထဲက တစ်ခုကတော့ ကိုယ်တိုင် တိုက်ရိုက်ခံစားရသည့် ခံစားမှုကို လိုချင်သောကြောင့် ဖြစ်ပေသည်။ အလားတူစွာပင် စာအုပ်ဆိုင်က ပေးသည်မှာလည်း ကိုယ်တိုင် တိုက်ရိုက် ဖတ်ရှုရသည့် ခံစားမှုမျိုးပင် ဖြစ်လေ၏။ စာအုပ်ဝယ်ရုံ၊ စာအုပ်ရှာရုံသက်သက် မဟုတ်တော့ဘဲ စာအုပ်ဆိုင်သို့ သွားခြင်းထံမှ စာတောထဲတွင် ကိုယ်တိုင်ပါဝင်ဖတ်ရှုရသည့် ခံစားမှုအတွေ့အကြုံကို ရရှိနိုင်လေသည်။

从“书店+X”的思路出发,如今,刘二囍还探索出了经营书店的新方向。他在荔湾湖公园开了一间升级版的1200bookshop——1200book&bed,对这个面积达1100平方米的复合型书店更确切的描述,应当是“24小时的旅行书店”。

“စာအုပ်ဆိုင်+X” အိုင်ဒီယာမှ စတင်လာခဲ့လိုက်ရာကနေ ယခုအခါ လျိုအော့ယှီက စာအုပ်ဆိုင် လုပ်ငန်း၏ လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိလာခဲ့သည်။ သူက လိဝမ်းဟူပန်းခြံတွင် 1200bookshop—1200book& bed ဟူ၍ အဆင့်မြှင့်တင်လိုက်သော ဆိုင်တစ်ဆိုင်ကို ထပ်မံဖွင့်လှစ်လိုက်သည်။ အဆိုပါစတုရန်းမီတာ ၁၁၀၀ ရှိသော စာအုပ်ဆိုင်ကို တိတိကျကျ အနက်ဖွင့်ဆိုရမည်ဆိုပါက “၂၄ နာရီ တည်းခိုခန်းစာအုပ်ဆိုင်” ဖြစ်ရပေမည်။

64.jpg

这里能提供低至44元一晚的床位住宿,双人胶囊也不超过百元。刘二囍在书架中间开辟了单独的胶囊床位,就像把胶囊旅馆植入到书店里,每个房间都设置有窗帘,你只需专心阅读、思考、入眠。这也是极具特色的、睡在书架中的单人胶囊床型。而全店的“豪华”房型“书房榻榻米”的价格仅需两三百元一晚。

ဤဆိုင်တွင် တစ်ညလျှင် ၄၄ ယွမ်မျှသာ ပေးရသော အိပ်စရာနေရာ ရှိလေသည်။ နှစ်ယောက်အိပ် ဆိုလျှင်လည်း ယွမ် ၁၀၀ ထက် ပိုမပေးရချေ။ လျိုအော့ရှီက စာအုပ်ဆိုင်ထဲတွင် အသေးစား တည်းခိုခန်း ငယ်လေးတစ်ခု ဖွင့်ထားသကဲ့သို့ စာအုပ်စင်များကြားတွင် သီးခြား အိပ်စရာနေရာ ကျဉ်းကျဉ်းကလေးတစ်ခု အခန်းဖွဲ့ပေးထားလေသည်။ အခန်းတိုင်းမှာ ပြတင်းခန်းဆီးပါရှိ၏။ သင့်အနေဖြင့် ထိုအခန်းငယ်လေးထဲတွင် စိတ်အေးလက်အေး စာအုပ်ဖတ်ရှု၊ စဉ်းစားတွေးခေါ်၊ အိပ်စက်ဖို့သာ လိုလေသည်။ ဤသည်မှာလည်း စာအုပ်စင်များအကြား အိပ်စက်ရသည့် ထူးခြားသည့် တစ်ယောက်အိပ် အိပ်ရာပုံစံမျိုး ဖြစ်လေ၏။ တစ်ဆိုင်လုံး၏ “အဆင့်မြင့်ဇိမ်ခံ”အခန်းပုံစံဖြစ်သည့် “ဂျပန်ကွပ်ပျစ်နှင့် စာကြည့်ခန်း”၏ ဈေးနှုန်းမှာလည်း တစ်ညလျှင် ယွမ် ၂၀၀၊ ၃၀၀ သာ ကျသင့်လေသည်။

虽然没有传统酒店中松软的床垫和枕头,住宿条件比起很多酒店也有很大差距,但是住客可以真真正正地住进书店里,实现沉浸式24小时阅读体验。每天晚上10点,书店打烊后,只有住客可以依然留在店里安心看书。无论看到几点,累了就可以抱着书倒头睡去。这是一种普通主题酒店无法复制的体验。

ဟိုတယ်များမှာကဲ့သို့ အိစက်သည့် မွေ့ရာများ၊ ခေါင်းအုံးများ မရှိ၍ ဟိုတယ်တည်းရသည်နှင့် များစွာ ကွာခြားမှု ရှိသော်လည်း ဧည့်သည်အနေဖြင့် စာအုပ်ဆိုင်ထဲမှာ တည်းခိုနေထိုင်၍ ၂၄ နာရီ စာဖတ်ခြင်းမှာ စီးမျောနိုင်မည့် အတွေ့အကြုံကို အမှန်တကယ် ခံစားရနိုင်မည် ဖြစ်သည်။ နေ့စဉ် ည ၁၀ နာရီ စာအုပ်ဆိုင်ပိတ်ချိန်နောက်ပိုင်းတွင် တည်းခိုသူ ဧည့်သည်ရှိပါက ဆိုင်ထဲမှာ စိတ်အေးလက်အေး စာဖတ်နိုင်သည်။ ကြိုက်သည့်အချိန်အထိ ဖတ်၊ အိပ်ချင်လာပြီဆိုလျှင်လည်း စာအုပ်ကို ဖက်အိပ်နိုင်သည်။ ၎င်းမှာ သာမန် ဟိုတယ်များတွင် ပုံတူကူးယူ၍ မရနိုင်သည့် အတွေ့အကြုံတစ်မျိုး ဖြစ်လေသည်။

65.jpg

刘二囍介绍,住在书店里的人,有的是来这个城市短暂停留的背包客,也有已经在这个城市工作生活的打工人,因为这个书店而选择在此长租下来。在店里的公共区域,会不定期举办读书会和电影放映会,大家能在这里认识很多同样热爱书籍的朋友。目前,荔湾湖公园这家1200book&bed的长住客比例超过了50%,剩下的床位也经常一床难求。

စာအုပ်ဆိုင်မှာ တည်းခိုသူများအနက် အချို့မှာ ဤမြို့သို့ ရက်တို ခေတ္တလာရောက်သည့် ကျောပိုးအိတ်ခရီးသည်များ ဖြစ်သကဲ့သို့၊ အချို့မှာလည်း ဤမြို့၌ နေထိုင်၍ အလုပ်လုပ်နေကြသူများ ဖြစ်ပြီး စာအုပ်ဆိုင်ကို အကြောင်းပြု၍ ဤနေရာတွင် ကာလရှည် ငှားရမ်းနေထိုင်လာခဲ့ကြလေသည်။ ဆိုင်၏ အများပြည်သူဆိုင်ရာနေရာမှာလည်း စာဖတ်ခြင်းအစီအစဉ်၊ ရုပ်ရှင်ပြသခြင်းအစီအစဉ်များကိုလည်း အခါအားလျော်စွာ ပြုလုပ်တတ်သေးရာ၊ ဤနေရာမှာပင် မိမိကဲ့သို့ စာအုပ်စာပေ ချစ်မြတ်နိုးသူများနှင့် ခင်မင်သိကျွမ်းနိုင်လေသည်။ လက်ရှိတွင် လိဝမ်းဟူပန်းခြံရှိ 1200book&bed တွင် ကာလရှည် တည်းခိုနေထိုင်သူ ဧည့်သည်အချိုးအစားမှာ ၅၀% ကျော်လွန်လာပြီဖြစ်ကာ ကျန်ရှိသည့် ခုတင်နေရာမှာလည်း မကြာခဏ လူပြည့်နေတတ်လေသည်။

66.jpg

回想起当年开24小时书店的初衷,刘二囍说:“书店是有能量的,人们走进书店能感受到这里平静的气场,然后得到某种疗愈。大城市太冷漠,温暖的事再小,你都会觉得世界更好了一点。希望书店可以传递一种人情味,也希望外面不好的东西在这里可以得到缓和。”

၂၄ နာရီစာအုပ်ဆိုင် စဖွင့်စဉ်က မူလရည်မှန်းချက်အကြောင်းကို ပြန်ပြောရာတွင် လျိုအော့ရှီက “စာအုပ်ဆိုင်မှာ စွမ်းအင်ရှိတယ်။ လူတွေက စာအုပ်ဆိုင်ထဲ ဝင်လာတဲ့အခါ အဲဒီမှာရှိတဲ့ ဆိတ်ငြိမ်ခြင်းဓာတ်ကို ခံစားသိနိုင်တယ်။ အဲဒီကနေ ကုစားမှုတစ်မျိုး ရရှိနိုင်တယ်။ မြို့ကြီးပြကြီးတွေမှာက နွေးထွေးကြင်နာမှု နည်းပါးစေကာမူ  ဒီကို ရောက်လာတဲ့အခါ ကမ္ဘာကြီးက နည်းနည်းပိုပြီးကောင်းလာတယ်လို့ ခံစားမိမှာပါ။ စာအုပ်ဆိုင်အနေနဲ့လည်း ဒီလို နွေးထွေးမှုတစ်မျိုးကို ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အပြင်မှာ ဘယ်လောက်ဆိုးတာတွေပဲ ကြုံခဲ့ရ ကြုံခဲ့ရ၊ စာအုပ်ဆိုင်ထဲရောက်လာတဲ့အခါ နွေးထွေးမှုကို ခံစားရနိုင်စေမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောပြသည်။

67.jpg

来源:《吉祥》杂志

图片:小红书(账户:1200bookshop)


相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
杜建辉实地督导中央生态环境保...
 
王予波赴临沧市现场督导中央生...
 
景亢村:北回归线上最美丽的傣...
 
初夏时节 来临沧赏花、闻香...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭