临沧新闻网
2024年05月20日 星期一
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】多巴胺穿搭 今夏大流行
【中缅双语】多巴胺穿搭 今夏大流行
发布时间:2023-08-08 15:27 新闻来源: 澜湄趴  浏览量:880

81.jpg

如果问今年夏天最流行的穿搭风格有哪些,“多巴胺穿搭”毫无疑问是最热门的答案之一。

အကယ်၍ ယခုနှစ် နွေရာသီတွင် ခေတ်အစားဆုံး ဝတ်စားဆင်ယင်မှုဒီဇိုင်းများမှာ အဘယ်များနည်းဟု မေးခဲ့လျှင် “Dopamine ဝတ်စုံ”သည် သံသယဖြစ်ဖွယ်မရှိသည့် ရေပန်းစားမှု အဖြစ်ဆုံး အဖြေများထဲမှ တစ်ခုဖြစ်ပါသည်။

82.jpg

鲜艳明亮的色彩,有趣的配饰,丰富的搭配元素……“多巴胺穿搭”在这个夏天开始爆红,抖音平台上,话题多巴胺女孩穿搭已有近百亿次播放;小红书上,话题多巴胺情绪穿搭浏览次数已达3.4亿;电商平台中,特卖电商唯品会数据显示,今年以来,多巴胺风格穿搭销售额同比增长近30%。

တောက်ပလင်းလက်သော အသွေးအရောင်များ၊ စိတ်ဝင်စားဖွယ်ကောင်းသော အဆင်အယင်များ၊ များပြားလှသော အပြင်အဆင်များ … “Dopamine ဝတ်စုံ”သည် ယခုနွေရာသီတွင် စတင်ခေတ်စားလာပြီး တရုတ် TikTok ပလက်ဖောင်းပေါ်တွင် Dopamine အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြောင်းအရာများသည် ကြည့်ရှုမှုအကြိမ်ရေ ဘီလီယံနှင့်ချီ ရှိခဲ့သည်။ Little Red Book (Xiaohongshu) ပေါ်တွင် Dopamine Emotion ဝတ်စားဆင်ယင်မှု အကြောင်းအရာ ဖတ်ရှုမှုသည် အကြိမ်ရေ သန်း ၃၄၀ အထိရောက်ရှိခဲ့ပါသည်။ အီးကောမက်စ်ပလက်ဖောင်းတွင် အထူး အီးကောမက်စ် ရောင်းချသည့် VIPSHOP ကိန်းဂဏန်းများအရ ယခုနှစ်တွင် Dopamine ဝတ်စားဆင်ယင်မှု ရောင်းအားသည် အလားတူကာလထက်တိုးတက်မှု ၃၀ % ရှိပါသည်။

83.jpg

不仅如此,“多巴胺穿搭”的感染力跨越了年龄。

ထိုသို့သာမက “Dopamine ဝတ်စုံ” ၏ ကူးစက်မှုသည် အသက်အရွယ်အကန့်အသတ်ကို ကျော်ဖြတ်ခဲ့ပါသည်။

社交平台上,一位86岁的爷爷穿上不同色系的亮色衣服,显得很有活力,和谐的色彩看起来让人心情大好。网友表示,自己今后也想活成爷爷这个样子,心里住着一条彩虹。

လူမှုကွန်ရက်ပေါ်တွင် အသက် ၈၆ နှစ်အရွယ် အဘိုးတစ်ဦးသည် မတူညီသော အရောင်များရှိသည့် တောက်ပသော အင်္ကျီများ ဝတ်ဆင်ထားသည်မှာ လွန်စွာတက်ကြွပြီး မျှတသည့် အရောင်များသည်လည်း လူ၏စိတ်ကို ပျော်ရွှင်စေပါသည်။ အင်တာနက်အသုံးပြုသူများမှ မိမိတို့သည် နောင်တွင် ၎င်းအဘိုးကဲ့သို့ ရင်ထဲတွင် သက်တန့်တစ်ခုထားရှိကာ နေထိုင်သွားလိုကြောင်း ပြောဆိုကြပါသည်။

84.jpg

人们不仅自己穿得鲜艳,还给自家宠物套上亮眼的多巴胺穿搭。满屏的五颜六色扑面而来,更有医生、消防员等职业纷纷加入“多巴胺”的队伍。

လူတို့သည် မိမိတို့သာ တောက်ပစွာ ဝတ်ဆင်ကြသည် မဟုတ်ဘဲ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကိုလည်း တောက်ပသော Dopamine ဝတ်စုံများ ဝတ်ဆင်ပေးတတ်ကြပါသည်။ ဖန်သားပြင်အပြည့် ဆေးရောင်စုံများသည် ရင်ကိုတိုးဝှေ့လာစေပြီး ဆရာဝန်၊ မီးသတ်သမား စသည့်လုပ်ငန်း လုပ်ကိုင်သူများလည်း “Dopamine” အဖွဲ့ထဲသို့ ဝင်ရောက်လာကြပါတော့သည်။

85.jpg

所以,“多巴胺穿搭”到底是什么?

ထို “Dopamine ဝတ်စုံ” ဆိုသည်မှာ အဘယ်နည်း။

多巴胺是属于人体内的一种神经元素,会使人产生快感。所谓“多巴胺穿搭”,是通过服装搭配来营造愉悦感的穿搭风格。它对高饱和度的色彩进行协调搭配,于鲜亮彩色中寻求协调与平衡,传达给人们一种愉悦、快乐的情绪。简单说,多巴胺穿搭就是能让你感到开心快乐的着装搭配,款式不拘,主打就是一个色彩明艳、五彩斑斓。

Dopamine သည် လူ့ခန္ဓာကိုယ်ထဲမှ အာရုံကြောဒြပ်တစ်မျိုးဖြစ်ပြီး လူကို ပျော်ရွှင်မှု ဖြစ်ပေါ်စေပါသည်။ “Dopamine ဝတ်စုံ”ဆိုသည်မှာ အဝတ်အစားဆင်ယင်မှုမှတစ်ဆင့် ပျော်ရွှင်သော ဝတ်စားဆင်ယင်မှုဒီဇိုင်းကို ပုံဖော်ခြင်းဖြစ်ပါသည်။ ၎င်းသည် ပြည့်ဝသော အရောင်ကို ထိန်းညှိဆက်စပ်၍ တောက်ပသော အရောင်များထဲတွင် မျှတမှုနှင့် ထိန်းညှိမှုကို ရှာဖွေပြီး လူတို့ကို ပျော်ရွှင်မှု၊ ဝမ်းသာမှုဆိုသည့် စိတ်ခံစားချက်များ ပို့လွှတ်ပေးပါသည်။ လွယ်ကူရှင်းလင်းစွာ ဆိုရလျှင် Dopamine ဝတ်စုံ သည် သင့်ကို ဝမ်းသာပျော်ရွှင်စေသည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဖြင့် ဒီဇိုင်းပုံစံ သတ်မှတ်မှုမရှိဘဲ အသွေးအရောင်တောက်ပခြင်း၊ အရောင်စုံခြင်းကို အဓိကထားပါသည်။

86.jpg

多巴胺穿搭迅速走红的背后,是女孩们希望生活能有更多的“丰富感”,高饱和度的色彩与明快的风格在某种程度上给了女孩们更多的自信——今年毕业、在一家金融企业工作的林姝悄悄地攒下了玫红色的T恤、彩虹色的半截裙与黄绿色交汇的鞋,每到节假日,可以不用再穿“通勤装”的时候,她会换上这些色彩斑斓的衣服,“看到明亮的色彩,就可以快乐一个周末”。

Dopamine ဝတ်စုံ လျင်မြန်စွာ နာမည်ကျော်လာသည့် နောက်ကွယ်တွင် မိန်းကလေးများ၏ ဘဝနေထိုင်မှုတွင် ပိုမိုများပြားသော “ကြွယ်ဝများပြားမှု”များ ရှိစေလိုခြင်းဖြစ်ပြီး ပြည့်ဝသော အရောင်များနှင့် တောက်ပသွက်လက်သော ဒီဇိုင်းများသည် အနေအထားတစ်ခုတွင် မိန်းကလေးများအား မိမိကိုယ်ကို ယုံကြည်မှု ပိုစေခဲ့ပါသည်။ ယခုနှစ်တွင် ဘွဲ့ရပြီး ဘဏ္ဍာရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် လင်ရှုးသည် နှင်းဆီနီရောင်တီရှပ်၊ သက်တန့်ရောင် စကတ်တိုနှင့် အဝါအစိမ်းစပ်သည့် ဖိနပ်တို့ကို တိုးတိတ်စွာ ပိုက်ဆံစု ဝယ်ထားကာ ပွဲတော်ပိတ်ရက်နေ့များနှင့် ရုံးပိတ်ရက်နေ့များရောက်တိုင်း၊ “အလုပ်တက်ဝတ်စုံ”ဝတ်ရန် မလိုသည့်အချိန်တိုင်းတွင် သူမသည် ဤအရောင်အသွေးစုံလင်သော အဝတ်အစားများကို ဝတ်ဆင်တတ်ပါသည်။ “တောက်ပတဲ့ အရောင်ကို မြင်လိုက်ရတိုင်း ပျော်ရွှင်တဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်နေ့တွေ ဖြစ်လာတော့တာပေါ့။”

87.jpg

事实上,户外出游的热潮也带动了多巴胺穿搭的流行,出游与社交的需求,使女孩们热衷于选择更明亮、使心情更愉悦的穿搭,林姝坦言,“为了拍照的时候可以更漂亮”。有媒体在报道中介绍:彩色旋风迅速席卷了整个夏天,就像是一场久违的情绪释放。从“报复性出游”“报复性看演唱会”,如今年轻人终于迎来了“报复性穿搭”。

အမှန်တကယ်တွင် အပြင်ခရီးထွက်ခြင်း၏ ခေတ်စားလာခြင်းသည်လည်း Dopamine ဝတ်စုံ ၏ ခေတ်စားမှုကို ဆွဲတင်နိုင်ခဲ့ပြီး ခရီးထွက်ခြင်းနှင့် လူမှုဆက်ဆံရေးတို့၏ လိုအပ်ချက်များသည် မိန်းကလေးများအား ပိုမိုတောက်ပသော၊ စိတ်ကို ပိုမိုပျော်ရွှင်စေသော ဝတ်စားဆင်ယင်မှုများအပေါ် ကြိုက်နှစ်သက်စေလာပါသည်။ လင်ရှုးမှ “ဓာတ်ပုံရိုက်တဲ့အချိန် ပိုလှအောင်လို့” ဟု ပွင့်လင်းစွာ ပြောပါသည်။ မီဒီယာများ၏ သတင်းများတွင် သက်တန့်ရောင်မုန်တိုင်းသည် နွေရာသီတစ်ခုလုံးအား အလျင်အမြန် တိုက်ခတ်သွားပြီး မကြုံရသည်မှာ ကြာပြီဖြစ်သော စိတ်ခံစားချက်လွတ်မြောက်မှုတစ်ရပ် ဖြစ်လာသည် ဟု မိတ်ဆက်ပြောကြားထားပါသည်။ “လက်တုံ့ပြန်ခရီးထွက်ခြင်း”၊ “လက်တုံ့ပြန် Liveshow ကြည့်ခြင်း” များမှသည် ယခုအခါတွင် လူငယ်များသည် “လက်တုံ့ပြန် ဝတ်စားဆင်ယင်ခြင်း”ကို ကြုံတွေ့လာရပါပြီ။

88.jpg

业内人士介绍,多巴胺风格在某种程度上意味着人们对于消费品越来越开放的态度,过去以黑白灰为主的服饰色调如今正在变得更加多元化与丰富化。

သက်ဆိုင်ရာကျွမ်းကျင်သူများ၏ အဆိုအရ Dopamine ဝတ်စုံ သည် အနေအထားတစ်ခုအရ လူသားတို့သည် သုံးစွဲပစ္စည်းများအပေါ်တွင် ပိုမိုပွင့်လင်းသော စိတ်နေသဘောထား ရှိလာပြီး ယခင်က အနက်၊ အဖြူ၊ မီးခိုးတို့အား အဓိထားသည့် အဝတ်အစား အသွေးအရောင်များသည် ယခုအခါတွင် ပိုမိုများပြားသော စုံလင်မှုနှင့် များပြားကြွယ်ဝမှုအဖြစ် ပြောင်းလဲလာသည်ဟု မိတ်ဆက်ပေးထားပါသည်။

来源:《吉祥》杂志

图片来源小红书

相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
杜建辉实地督导中央生态环境保...
 
王予波赴临沧市现场督导中央生...
 
景亢村:北回归线上最美丽的傣...
 
初夏时节 来临沧赏花、闻香...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭