临沧新闻网
2024年05月20日 星期一
投稿:lincangxww@126.com
设为首页 加入收藏
建设好美丽家园      维护好民族团结     守护好神圣国土美丽中国     绿美云南     醉美临沧
您好:您的位置是 > 缅语专栏 > 【中缅双语】许德能:在传承的道路上一直努力
【中缅双语】许德能:在传承的道路上一直努力
发布时间:2023-09-06 15:42 新闻来源: 澜湄趴  浏览量:877

640.jpg

位于缅甸仰光Sin Oo Dan 路上的鲁城行,一位60多岁的老人悉心教导着一群孩子学习舞龙舞狮,他是缅甸舞龙舞狮协会秘书长许德能(U Thein Aung)。许德能家住鲁城行对面,小时候就经常坐在路对面看会所里的学员们学习武术、舞龙舞狮技能,因此产生了浓厚的兴趣。于是,从许德能五岁开始,他也加入了鲁城行,开始了他的学习之旅。

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ စဉ့်အိုးတန်းလမ်းတွင် တည်ရှိသည့် Loo Sein Hong ၌ အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးသည် ကလေးငယ် တစ်သိုက်အား နဂါးအက၊ ခြင်္သေ့အကများကို သေချာစွာ သင်ကြားပေးနေပါသည်။ ၎င်းသည် မြန်မာနိုင်ငံ နဂါးအက၊ ခြင်္သေ့အကအသင်းကြီး၏ အတွင်းရေးမှူးချုပ် ဦးသိန်းအောင် ဖြစ်ပါသည်။ ဦးသိန်းအောင်သည် Loo Sein Hong ၏ မျက်နှာချင်းဆိုင်တွင် နေထိုင်ပြီး ငယ်စဉ်အခါက မကြာခဏဆိုသလို လမ်းတစ်ဖက်တွင် ထိုင်၍ အသင်းရှိ သင်တန်းသားများ ကိုယ်ခံပညာ၊ နဂါးအက၊ ခြင်္သေ့အကများ သင်ယူနေသည်ကို ကြည့်ရှုလေ့ရှိရာမှ စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့ကြောင့်ပင်လျှင် ဦးသိန်းအောင်သည် Loo Sein Hong သို့ အသက် ၅ နှစ်အရွယ်တွင် ဝင်ရောက်ခဲ့ပြီး ၎င်း၏ သင်ယူမှုခရီးစဉ်ကို စတင်ခဲ့ပါသည်။

640 (1).jpg

2006年缅甸舞龙舞狮协会成立,在原有基础上,协会邀请国外教练授课,学习国际比赛的相关规则,带领学员们到中国各省市,香港特别行政区、澳门特别行政区以及新加坡、马来西亚等国家和地区参加大型比赛累积经验。自协会成立以来,一直活跃在各种场合,每年的农历新春佳节举办大赛时,会有15—16支舞龙舞狮队伍举行比赛增添节日的欢快气氛。

၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ နဂါးအက၊ ခြင်္သေ့အကအသင်းကြီး တည်ထောင်ခဲ့ပြီး ယခင်ရှိနေသည့် အခြေခံကို အခြေတည်၍ အသင်းကြီးသည် နိုင်ငံခြားမှ နည်းပြဆရာများ ဖိတ်ခေါ်ကာ သင်တန်းပေးခြင်း၊ နိုင်ငံတကာပြိုင်ပွဲများ၏ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား သင်ယူခြင်း၊ သင်တန်းသားများအား တရုတ်နိုင်ငံ၏ ပြည်နယ်၊ မြို့ပြအသီးသီး၊ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဇုန်၊ တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ရေးဇုန်နှင့် စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံနှင့်ဒေသများတွင် ပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်စေပြီး အတွေ့အကြုံများ ရယူစေခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၎င်းအသင်းကြီးတည်ဆောင်ချိန်မှစ၍ အမျိုးမျိုးသော အခမ်းအနားများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပချိန်တွင် နဂါးအက၊ ခြင်္သေ့အကအဖွဲ့ ၁၅ ဖွဲ့၊ ၁၆ ဖွဲ့ခန့်သည် ပြိုင်ပွဲများ ကျင်းပကာ ပွဲတော်ကြီး၏ ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များအတွက် ထပ်မံအားဖြည့်ပေးခဲ့ပါသည်။

640 (2).jpg

2022年3月,鲁城行全新组织的理监事成员开办了免费夏日武术课程,学员在今年2月3日的鲁城行140周年庆典上登台表演,来宾们也给予了充分的肯定和支持。看到这些学员的进步、听到大家对自己学生的肯定,许德能的内心激动。他说:“我还要再接再厉,相信中国传统文化一定能代代传承下去。”

၂၀၂၂ ခုနှစ် မတ်လတွင် Loo Sein Hong မှ အသစ်ပြန်လည်ဖွဲ့စည်းသည့် အမှုဆောင်အဖွဲ့ဝင်များသည် နွေရာသီကိုယ်ခံပညာသင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများသည် ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် Loo Sein Hong တည်ထောင်သည့် နှစ် ၁၄၀ ပြည့် ဂုဏ်ပြုအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ကာ တက်ရောက်လာသည့် ဧည့်သည်တော်များကလည်း အလုံးစုံ အသိအမှတ်ပြုခြင်းနှင့် အားပေးထောက်ခံခြင်းများ ပေးခဲ့ကြပါသည်။ သင်တန်းသားများ၏ တိုးတက်လာမှုများကိုကြည့်၍ အများပြည်သူ၏ မိမိသင်တန်းသားများအပေါ် အသိအမှတ်ပြုမှုကို နားဆင်လျက် ဦးသိန်းအောင်၏ ရင်ထဲတွင် လွန်စွာစိတ်လှုပ်ရှားခဲ့ရပါသည်။ ၎င်းမှ “ကျွန်တော် ထပ်ပြီး ကြိုးစားပြီးရင်း ကြိုးစားရဦးမယ်။ တရုတ်ရိုးရာယဉ်ကျေးမှုက မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဆိုပါသည်။

640 (3).jpg

现在,越来越多的缅甸人喜欢中国传统文化。今年鲁城行夏令营开班,来自缅甸全国各地的许多对中国传统文化感兴趣的学生专门来到仰光学习。在鲁城行里,大家不仅是师徒关系,更像是朋友。目前,鲁城行的学员中仅有10%懂中文,学习中文成为了课余大家最喜欢的活动,课余时间,大家时常进行中文交流切磋,一起学习一起进步。

ယခုတွင် မြန်မာနိုင်ငံသား အများအပြားသည် တရုတ်ရိုးရာယဉ်ကျေးမှုများကို ပိုမိုနှစ်သက်လာကြပြီဖြစ်သည်။ ယခုနှစ် Loo Sein Hong မှ ဖွင့်လှစ်သော နွေရာသီသင်တန်းတွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ တရုတ်ရိုးရာယဉ်ကျေးမှုကို စိတ်ပါဝင်စားကြသည့် သင်တန်းသား အများအပြားသည် ရန်ကုန်မြို့သို့ လာရောက်သင်ယူကြပါသည်။ Loo Sein Hong သင်တန်းတွင် အားလုံးသည် ဆရာတပည့်အနေနှင့်သာမက မိတ်ဆွေသူငယ်ချင်းလည်း ဖြစ်ကြပါသည်။ လက်ရှိတွင် Loo Sein Hong မှ သင်တန်းသားများထဲတွင် ၁၀%  သည်သာ တရုတ်ဘာသာကို နားလည်ပြီး တရုတ်ဘာသာသင်ယူခြင်းသည် ကိုယ်ခံပညာသင်ယူမှု အားလပ်ချိန်တွင် ကျောင်းသားများ၏ အနှစ်သက်ဆုံးသော လှုပ်ရှားမှု ဖြစ်ခဲ့ပါသည်။ အတန်းအားချိန်တွင် ကျောင်းသားများသည် မကြာခဏဆိုသလို တရုတ်ဘာသာစကားဖြင့် ဆွေးနွေးဖလှယ်ခြင်း၊ ကိုယ်ခံပညာလေ့ကျင့်ခြင်းများ ပြုလုပ်ပြီး အတူတကွ သင်ယူ၍ အတူတကွ တိုးတက်နေကြပါသည်။

640 (2).jpg

来源:《吉祥》杂志

图片:Loo Sein Hong Shaolin Kung Fu Class

编辑:董玥(实习生)、雷若语(实习生)

审核:张若谷


相关阅读
PoeticYunnan3: Spring View (a trio of poems)
滇柬龘龘相向 游云南看吴哥 | 烟火气十足的金边新街市
【泰语有声读物】过年(节选)
 
滇柬龘龘相向 游云南看吴哥 | 去柬埔寨兔子岛 做一个“淡人”
云南与湄公河国家交往合作不断取得新进展
缅甸贸易中心(昆明)揭牌暨缅甸商品馆开馆
 
图片导读
 
杜建辉实地督导中央生态环境保...
 
王予波赴临沧市现场督导中央生...
 
景亢村:北回归线上最美丽的傣...
 
初夏时节 来临沧赏花、闻香...
 
友情链接:
临沧市政府公众信息网 临沧长安网 人民日报 云南日报 临沧招聘 临沧廉政网 云南网 人民网 新华网 中国记协网
友情链接:
人民网 新华网 中国网 央视网 国际在线 中国日报网 中国青年网 中国经济网 中国新闻网 央广网 中国台湾网
中国西藏网 中工网 党建网 中青在线 中国军网 法制网 海外网 参考消息网 中国警察网 中国侨网 未来网
求是网 中国共产党历史网 中华人民共和国国史网 中国社会科学网 理论网 马克思主义研究网 理论中国网 人民论坛网
  • 中国网信网
  • 光明网
  • 正义网
  • 云南网
  • “学习强国”云南学习平台
  • 临沧市政府公众信息网
  • 怒江新闻网
  • 网络谣言曝光台
  • 关于我们 | 广告服务 | 编辑部邮箱 | 网站声明 | 联系我们 | 网站管理
    滇ICP证:滇ICP备20000819号 互联网新闻信息服务许可证编号:53120180022 滇公网安备:53090202000016号
    前置审批:云新网前审字2008-17号    信息网络传播视听节目许可证编号:125320147
    互联网违法和不良信息举报电话:0883—2127624;举报邮箱:lincangjubao@126.com
    涉企侵权举报
    临沧市"作风革命 效能革命"媒体问政邮箱:798665473@.qq.com 问政热线:0883—2123208
    临沧市广播电视台主办 联系方式:0883—2127624
       
    关闭
    关闭